ထမင်းစားပြီး ချက်ချင်းရေမချိုးသင့်တဲ့အကြောင်းအရင်း

အလုပ်များတဲ့နေ့ရက်တွေကို ဖြတ်သန်းရတာများလာတာနဲ့ ကျွန်တော်တို့တွေက ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အလေ့အကျင့်တွေရှိဖို့ ခဲယဉ်းလာကြပါတယ်။ ကျွန်တော်တို့တွေ အလုပ်များလို့ ပင်ပန်းနေရင်တောင် ကျွန်တော်တို့ရဲ့ ဘဝနေထိုင်မှုပုံစံနဲ့ပတ်သက်ပြီး အာရုံစိုက်ဖို့တော့ အရေးကြီးပါတယ်။ တစ်နေ့တာအလေ့အထတွေထဲမှာ တစ်ခုကတော ရေချိုးချိန်မှန်ဖို့ပါပဲ။ “ထမင်းစားပြီး ချက်ချင်းရေမချိုးနဲ့နော်” လို့ လူကြီးတွေပြောကြမှာပါ။ အဲဒီလိုဘာလို့ ပြောကြတာလဲဆိုတာ တကယ်တော့အကြောင်းအရင်းရှိပါတယ်။ ကဲ…စာဖတ်ပရိသတ်တွေလည်း ဆက်လက်ဖတ်ရှုကြည့်ပါနော်..။

ထမင်းစားပြီး ချက်ချင်းရေချိုးတာက ကျန်းမာရေးအတွက်ဘာလို့မကောင်းတာလဲ

ထမင်းစားပြီး ချက်ချင်းရေချိုးလိုက်မယ်ဆိုရင် သင့်ကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူးနော်။ ရေချိုးပြီးတဲ့နောက်မှာ ကျွန်တော်တို့ခန္ဓာကိုယ်အပူချိန်ကလျော့နည်းသွားပါတယ်။ ခန္ဓာကိုယ်အေးသွားတာနဲ့ အစာခြေဖျက်ဖို့အတွက် သတ်မှတ်ထားတဲ့အပူချိန်ကို ထိန်းဖို့ခက်ခဲသွားပါတယ်။ ရလဒ်အနေနဲ့ အစာခြေတာကို အကူညီပေးတဲ့ သွေးက အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကို စီးဆင်းနေတဲ့အတွက် အစာခြေဖျက်တဲ့ဖြစ်စဉ်က နှေးသွားပါတယ်။ နေလို့ထိုင်လို့မကောင်းတာ၊ အစာအိမ်အချဉ်ပေါက်တာတွေလည်း ဖြစ်စေနိုင်ပါတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ ထမင်းစားပြီး ရေချိုးမယ်ဆိုရင် အနည်းဆုံး (၂-၃) နာရီကြာမှ ရေချိုးသင့်ပါတယ်။

#yoyarlay