မျောက်ကျောက်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၇၈၀ ဦးရှိဟု WHO ထုတ်ပြန်

ကမ္ဘာတစ်ဝန်း မျောက်ကျောက်ရောဂါ ကူးစက်နိုင်မှုနှုန်းအဆင့်ကိုအသင့်အတင့်အခြေအနေဖြင့် ဆက်လက်ထိန်းသိမ်းထားစဥ ်ယင်းရောဂါကူးစက်ဖြစ်ပွားလေ့မရှိသော နိုင်ငံပေါင်း ၂၇ နိုင်ငံမှ မျောက်ကျောက်ရောဂါ ဖြစ်ပွားသူဓာတ်ခွဲအတည်ပြုလူနာ ၇၈ဝဦးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇွန် ၅ ရက်တွင် ပြောကြားခဲ့သည်။

မေ၁၃ရက်မှဇွန်၂ရက်နေ့အထိယင်းရောဂါဖြစ်ပွားသူအရေအတွက်၇၈၀သည်အကန့်အသတ်ရှိသောကူးစက်ရောဂါဆိုင်ရာနှင့်ဓာတ်ခွဲခန်းအချက်အလက်များကြောင့် လျှော့တွက်ချက်မှု ဖြစ်နိုင်ဖွယ်ရှိသည်ဟု WHO က ပြောကြားခဲ့သည်။

“အခြားနိုင်ငံတွေမှာလည်း ယင်းရောဂါကူးစက်ခံရသူတွေ ရှိနိုင်ဖွယ် မြင့်မားနေပါ တယ်။ ဒီဗိုင်းရပ်စ်ဟာ နောက်ထပ်ပျံ့နှံ့ဖွယ်ရှိနေပါတယ်” ဟု WHO က ဆိုသည်။

မျောက်ကျောက်ရောဂါအတည်ပြုလူနာများကိုသီးသန့်ခွဲထားခြင်းမှလွဲ၍ယင်းရောဂါကြောင့် ဆေးရုံတက်ရောက်ကုသမှု ခံယူရသူနည်းပါးသည်ဟု ဆိုသည်။

မျောက်ကျောက်ရောဂါကူးစက်ဖြစ်ပွားလေ့မရှိဘဲရောဂါကူးစက်ပျံ့နှံ့နေသည့်WHOစာရင်းဝင်နိုင်ငံများတွင် ဗြိတိန် ၂၀၇ ဦး ၊ စပိန် ၁၅၆ဦး ၊ ပေါ်တူဂီ ၁၃၈ ဦး၊ ကနေဒါ  ၅၈ ဦး၊ ဂျာမနီ ၅၇ ဦး စသည့်နိုင်ငံများပါဝင်သည်။

ဥရောပနှင့်မြောက်အမေရိကနိုင်ငံများတွင် ဖြစ်ပွားသည့် ကူးစက်မှုများအပြင် အာဂျင်တီးနား၊ သြစတြေးလျ၊ မော်ရိုကိုနှင့် ယူအေအီးနိုင်ငံတို့တွင် ကူးစက်မှုဖြစ်စဉ်အနည်းငယ်ရှိသည်။

ရောဂါဖြစ်ပွားလေ့မရှိသော နိုင်ငံတစ်နိုင်ငံတွင် မျောက်ကျောက်ရောဂါဖြစ်ပွားသည့် ဖြစ်စဉ်တစ်ခုကို ရောဂါပေါ်ပေါက်ဖြစ်ပွားခြင်းဟု သတ်မှတ်ထားကြသည်။

“အချို့နိုင်ငံတွေမှာရောဂါဖြစ်ပွားမှုအသစ်တွေဟာအရင်ရောဂါအတည်ပြုဖြစ်စဉ်တွေကနေထိတွေ့မှုတစ်ခုတည်းကြောင့်ကာလကြာရှည်ပေါ်ပေါက်လာတာမျိုးမဟုတ်တော့ပါဘူးဆိုတဲ့သတင်းတွေရရှိထားပါ။ အဲ့ဒါကြောင့် ကူးစက်မှုကွင်းဆက်တွေဟာ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို မထောက်လှမ်းနိုင်တာကနေ လွဲချော်ကုန်လာကြမှာဖြစ်တယ်လို့ အကြံပြုချင်ပါတယ်” ဟု WHO က ပြော ကြားခဲ့သည်။

“လက်ရှိလူသားတွေရဲ့ကျန်းမာရေးနဲ့ယေဘုယျအများပြည်သူအတွက်ဒီရောဂါရဲ့ခြိမ်းခြောက်မှုအဆင့်ဟာနည်းပါးနေပေမယ့်လည်းအကယ်လို့ဒီရောဂါဖြစ်ပွားနေကြမဟုတ်တဲ့နိုင်ငံတွေမှာဒီဗိုင်းရပ်စ်ဟာသူကိုယ်တိုင်အခြေခိုင်ရပ်တည်သွားနိုင်တဲ့အခွင့်အရေးတွေ့ရှိသွားမည်ဆိုရင်တော့ဒီရောဂါဟာပြည်သူ့ကျန်းမာရေးအန္တရာယ်မြင့်မားလာနိုင်ပါတယ်” ဟု WHO က မျောက်ကျောက်ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

လက်ရှိတွင်ယင်းရောဂါကူးစက်ဖြစ်ပွားလေ့မရှိသောနိုင်ငံများနှင့်ယင်းရောဂါဖြစ်ပွားလေ့ရှိသောနိုင်ငံများတွင်တစ်ပြိုင်နက်တည်းမျောက်ကျောက်ရောဂါကူးစက်မှု အစုအဖွဲ့များ ဖြစ်ပွားနေသောကြောင့် WHO က ယင်းရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးခြိမ်းခြောက်မှုအဆင့် အသင့်အတင့်ဟု ပထမဆုံးအကြိမ် သတ်မှတ်ခဲ့သည်။

ယင်းရောဂါဖြစ်ပွားမှုအများစုသည်လိင်ပိုင်းဆိုင်ရာကျန်းမာရေးသို့မဟုတ်အခြားကျန်းမာရေးဝန်ဆောင်မှုများနှင့်အမျိုးသားအချင်းချင်းလိင်ဆက်မှုမှအများဆုံးဖြစ်ပွားကြောင်း တွေ့ရှိခဲ့သည်ဟု WHO က ပြောကြားခဲ့သည်။