အောင်မြေသာစံမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးကဏ္ဍတွေ့ဆုံပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင်၊ တိုင်းဒေသကြီး ပါတီဥက္ကဌ ဦးအောင်ကျော်မိုး တက်ရောက်

၁၇-၃-၂၀၂၃ ရက်နေ့ ၁၀:၀၀မှ ၁၁:၃၀ အချိန်ထိ အောင်မြေသာစံမြိုနယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် အမျိုးသမီးကဏ္ဍ တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီ ဥက္ကဌဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှုးဦးညွန့်ဆောင်၊ဘဏ္ဍာရေးမှုးဒေါ်သိင်္ဂီအောင်၊တိုင်းဒေသကြီးပါတီကော်မတီဝင်ဦးကျော်စန်း၊ဦးမျိုးမြင့်၊အောင်မြေသာစံခရိုင်ပါတီဥက္ကဌဦးဘိုသင်း၊အတွင်းရေးမှုးဦးသောင်းညွန့်နှင့်ကော်မတီဝင်များ၊အောင်မြေသာစံမြိုနယ်ဥက္ကဌဦးလှိင်ဝင်းထွန်း၊အတွင်းရေးမှုးဦးသောင်းစိန်၊မြိုနယ်ကော်မတီဝင်၊အမျိုးသမီးကဏ္ဍတာဝန်ခံဒေါ်ဖူးပွင့်ရွှေနှင့်ကော်မတီဝင်များ၊အမျိုးသမီးပါတီဝင်များ၊ပါတီဝန်းရံသူအမျိုးသမီးများ၊First Time Voters အမျိုးသမီးများတက်ရောက်ခဲ့ကြပါသည်။တွေ့ဆုံပွဲတွင် တက်ရောက်လာသည့်တိုင်းဒေသကြီး/ခရိုင်/မြိုနယ် ကော်မတီဝင်များမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင်၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက မြန်မာနိူင်ငံ၏ နိူင်ငံရေးသမိုင်းကြောင်းနှင့်နိူင်ငံတော်တွင် လက်ရှိဖြစ်ပေါ်လျက်ရှိသော နိူင်ငံရေးအခြေအနေများအားလည်းကောင်း၊တိုင်းဒေသကြီးပါတီအတွင်းရေးမှုးဦးညွန့်ဆောင်က ပြည်ခိုင်ဖြိုးပါတီ၏မူဝါဒ၊သဘောထားများ၊ပါတီ၏ရှေ့လုပ်ငန်းစဥ်များတွင် ပါတီဝင်အမျိုးသမီးများ တက်ကြွစွာ ပါဝင်ဆောင်ရွက်ရေးအားလည်းကောင်း၊တိုင်းဒေသကြီးပါတီဘဏ္ဍာရေးမှုးဒေါ်သိင်္ဂီအောင်က တွေ့ဆုံပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် အမျိုးသမီးကဏ္ဍလုပ်ငန်းစဥ်များအားလည်းကောင်း ရှင်းလင်းပြောကြားခဲ့ ကာ တက်ရောက်လာသူများက ဒေသအခြေအနေများအားတင်ပြဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲအပြီးတွင် တက်ရောက်လာသည့် အမျိုးသမီးများအား မြိုနယ်အမျိုးသမီးကဏ္ဍတာဝန်ခံဒေါ်ဖူးပွင့်ရွှေက ရေမွှေးဆပ်ပြာခဲပြုလုပ်ပုံ အဆင့်ဆင့်အားရှင်းလင်းပြောကြားခဲ့ပြီး လက်တွေ့ပြုလုပ်ပြသခဲ့ကြောင်း သိရပါသည်။