တူရကီနဲ့ ဆီးရီးယားငလျင်ဘေးသင့်သူများအတွက် မလေးရှားနိုင်ငံက ဒေါ်လာ ၁၁ ဒသမ ၄ သန်းထောက်ပံ့မည်

တူရကီနဲ့ ဆီးရီးယားနိုင်ငံတွေမှာ အင်အားပြင်းငလျင်ကနေ အသက်ရှင်ကျန်ရစ်သူတွေအတွက် မလေးရှားနိုင်ငံက ဒေါ်လာ ၁၁ ဒသမ ၄ သန်းထောက်ပံ့ကူညီသွားမယ်လို့ သိရပါတယ်။ ငလျင်ဒဏ် ဆိုးဆိုးရွားရွားခံခဲ့ရတဲ့ တူရကီနိုင်ငံကို မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့ပြီး တူရကီသမ္မတ အာဒိုဂန်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ခရီးစဉ်အပြီးမှာ ဝန်ကြီးချုပ် အီဘရာဟင် က လူသားချင်းစာနာမှုအတွက် ထောက်ပံ့ငွေ ဒေါ်လာ ၁၁ ဒသမ ၄ သန်းရရှိထားပြီလို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် မလေးရှားအစိုးရဟာ ပြန်လည်ထူထောင်ရေးအဖွဲ့တစ်ဖွဲ့ကိုလည်း ဆီးရီးယားနိုင်ငံထံစေလွှတ်ခဲ့ပါသေးတယ်။ -Ref: Aljazeera