ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုရှမ်းပြည်နယ်(အရှေ့ပိုင်း)ပါတီဥက္ကဌဒေါက်တာလင်းဇော်ထွန်းနှင့်ကျိုင်းတုံမြို့နယ်ပါတီကော်မတီအဖွဲ့ တွေ့ဆုံပွဲပြုလုပ်

(၁၁-၁၂-၂ဝ၂၂)ရက်နေ့ (၃)နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ် အမှုဆောင်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပါတီဥက္ကဋ္ဌ ဒေါက်တာလင်းဇော်ထွန်းသည် ကျိုင်းတုံမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ ရုံးခန်းမ၌ ၊မြို့နယ်ပါတီ ဥက္ကဌ ဦးအောင်ကျော်မြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း အမျိုးသမီး ရေးရာ တွဲဖက်တာဝန်ခံမြို့နယ်ပါတီ အတွင်းရေးမှူးနှင့်မြို့နယ်ကော်မတီဝင်များ ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီးတွေ့ဆုံပွဲတွင် ရက်(၉၀)စီမံချက်အားအကောင်ကွင်းဆင်းဆောင်ရွက် မှူ့အခြေအနေများ၊ ပါတီစည်းရုံးရေးကိစ္စများရှင်းလင်းတင်ပြခဲ့ပြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်ခိုင်ဖြိုး  ပါတီဥက္ကဌ ဒေါက်တာလင်းဇော်ထွန်းမှ ပါတီ၏ အသွင်သစ်စည်းရုံးရေး  ကိစ္စရပ်များ၊ ပါတီရှေ့ လုပ်ငန်းစဉ် များ၊ (PR)စနစ်နှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားကာ ညနေ(၅)နာရီတွင်တွေ့ဆုံပွဲကို ရုတ်သိမ်း ခဲ့ပါသည်။