Netflix က အခပေးကြည့်ရူသူ တစ်သန်းနီးပါး ဆုံးရှုံး

အွန်လိုင်းဖျော်ဖြေရေးလုပ်ငန်းရဲ့ဘုရင်အဖြစ် ရပ်တည်ခဲ့တဲ့ Netflix က သူ့ရဲ့သရဖူကို ဆက်ထိန်းဖို့ ရုန်းကန်ရဖွယ်ရှိနေပါတယ်။ အခပေးကြည့်ရူသူတွေ ဆက်တိုက်ဆုံးရှုံးနေတဲ့လုပ်ငန်းက ဧပြီလကနေ ဇူလိုင်လအတွင်း သုံးလပတ်မှာ ကြည့်ရူသူ တစ်သန်း ဆုံးရှုံးခဲ့ပြီး သူတို့ စိုးရိမ်ထားသလောက်တော့ မများခဲ့ပါဘူး။

ဒါကလည်း သူတို့ ပလက်ဖောင်းပေါ်မှာ ပြသနေတဲ့ Stranger Things ကြောင့်ဖြစ်တယ်ဆိုတာကို ကုမ္ပဏီရဲ့ အမူဆောင် အရာရှိချုပ် ရိဒ်ဟက်စတင်း ကိုယ်တိုင်က ဝန်ခံခဲ့ပါတယ်။ Stranger Things ဇာတ်လမ်းတွဲကြောင့်သာမဟုတ်ရင် အခြေအနေပိုဆိုးနိုင်ပါတယ်။ Netflix က ကြည့်ရူသူတွေ ဆုံးရှုံးနေတာကို ၂၀၁၁ ဧပြီလက စတင်သတင်းပို့ခဲ့တာနဲ့အတူ အလုပ်နေရာ ရာပေါင်းများစွာကိုလည်း လျှော့ချခဲ့ပါတယ်။ အခုကြေညာတဲ့ ဆုံးရှုံးမှုပမာဏက ကုမ္ပဏီရဲ့သမိုင်းမှာ အများဆုံး ဖြစ်ပါတယ်။ သူတို့က အမေရိကန်နဲ့ ကနေဒါက ဖောက်သည်တွေကို အများဆုံး ဆုံးရှုံးခဲ့ပြီး ဥရောပက ဒုတိယလိုက်ပါတယ်။

-Ref: BBC