ဒဂုံတောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရပ်ကွက်များသို့ COVID-19 ရောဂါကာကွယ်ရေး ကလိုရင်း ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်

အောက်တိုဘာ၊ရန်ကုန်
ရန်ကုန်တိုင်ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ မနက်တွင် နေ့စဉ်ဆောင်ရွက်လျက်ရှိသော (Covid-19) ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ၊ မြို့နယ် လူငယ်ရေးရာ (တွဲဖက်တာဝန်ခံ) ဦးသန့်ဇင်ဌေးမှ ၅၅ ရပ်ကွက် ရွှေပိတောက်လမ်းတွင် ပိုးတွေ့လူနာ တွေ့ရှိကြောင်း သတင်းပေးပို့ခြင်းနှင့် ၁၀၇ ရပ်ကျေးဥက္ကဌ ဦးထွန်းလှိုင်မှ ဥက္ကာလမ်းနှင့် သုနန္ဒာလမ်းတွင် ပိုးတွေ့လူနာများ တွေ့ရှိကြောင်း သတင်းပေးပို့သည့်အတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝဏ္ဏမျိုး ဦးဆောင်၍ မြို့နယ်အကြံပေး ဦးမြင့်ဦး၊ မြို့နယ်ကော်မတီဝင် ဦးကျော်ကျော်၊ ဦးဇော်မင်းထွန်း၊ အရန်ကော်မတီဝင်ဦးသန့်ဇင်ဌေး၊ ဦးရွှေဝင်း၊ ရပ်ကျေးဥက္ကဌနှင့် ကော်မတီဝင်များ၊ လိုက်ပါ၍၊ ပိုးတွေ့ရှိသူ အိမ်များနှင့် လမ်းသွယ်များပါမကျန် နေရာအနှံ့ COVID-19 ရောဂါကာကွယ်ရေးအတွက် ကလိုရင်းပိုးသတ်ဆေး များကို ယနေ့ မွန်းလွဲပိုင်းထိ လိုက်လံဆေးဖြန်းခဲ့ကြသည်။ ထိုအပြင်အဆိုပါ လမ်းထိပ်များတွင် လူ(အဝင်အထွက်) စောင့်ကြည့်ပေးကြသော တာဝန်ရှိသူအဖွဲ့များအား ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီမ တစ်ခါသုံး (mask) နှင့် (hand-gel) များ လှူဒါန်းပေးခဲ့ကြောင်း သိရှိရပါသည်။ ဇော်မင်းထွန်း