အောင်လံမြို့နယ်၊ ပြလို့အခြေစိုက် Quarantine Center သို့ ပြည်ခိုင်ဖြိုးပါတီမှ Mask (၄၀၀) ခု၊ လက်သန့်ဆေး (၁၀) ဗူး နှင့် ငွေ ၁၅၀,၀၀၀ ကျပ် လှူဒါန်း

 

၁၄.၁၀.၂၀၂၀ ရက်နေ့တွင် အောင်လံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဇေယျကျော်ထင် ဦးတင်အောင်ချစ်၊ အမှတ် (၂) တိုင်းဒေသကြီး မဲဆန္ဒနယ်မှ ဦးစန်းလွင်(ခ)ဦးချိုငယ် နှင့် အောင်လံမြို့နယ် ပြည်ခိုင်ဖြိုးပါတီအဖွဲ့ဝင်များ စုပေါင်း၍ အောင်လံမြို့နယ်၊ ပြလို အခြေစိုက် Quarantine Center သို့ Mask (၄၀၀)ခု၊ လက်သန့်ဆေး (၁၀)ဗူး၊ ငွေ ၁၅၀, ၀၀၀ ကျပ်၊ စုစုပေါင်း ကာလတန်ဖိုး ၁၉၀,၄၀၀ ကျပ် ပေးအပ်လှူဒါန်းခဲ့ပါသည်။

ရွေးကောက်ပွဲ ကာလအတွင်းဖြစ်သည့်အတွက် ရွေးကောက်ပွဲကောင်မရှင်က ကန့်သတ်ထားသည့် ငွေကြေး ပမာဏ၊ ရွေးကောက်ပွဲကော်မရှင်၏ စည်းမျဉ်းဥပဒေများ၊ Covid-19 စည်းမျဉ်း စည်းကမ်းများ စသည့် ကန့်သတ်ချက်များစွာ ရှိသည့်အတွက် နေရာအလိုက် လိုအပ်ချက်များကို ကျွန်တော်တို့ မျှော်မှန်းသလောက် ဖြည့်ဆည်းပေးဖို့ မဖြစ်နိုင်သေးတာကို သည်းခံကြဖို့ ပြောကြားခဲ့ပါသည်။

#UTinAungChit