အောင်လံမြို့နယ် ပရဟိတ (၄) ဖွဲ့ထံသို့ ပြည်ခိုင်ဖြိုးပါတီမှ တစ်ဖွဲ့လျှင် Covid-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးအတွက် အထောက်အကူ ဖြစ်စေသည့် ပစ္စည်း (၅) မျိုးနှင့် ငွေငါးသောင်းကျပ်နှင့် ညီမျှသော စက်သုံးဆီ ထုတ်ယူခွင့်ကတ်များ ပေးအပ်လှူဒါန်းမှု့ ပြုလုပ်

 

အောက် ၁၃၊ အောင်လံ

၁၃.၁၀.၂၀၂၀ ရက်နေ့တွင် အောင်လံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဇေယျကျော်ထင် ဦးတင်အောင်ချစ်၊ အမှတ် (၁၂) အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မှ ဦးတင်ဝင်း၊ အမှတ် (၁) တိုင်းဒေသကြီး မဲဆန္ဒနယ်မှ ဦးခင်ဆွေ၊ အမှတ် (၂) တိုင်းဒေသကြီး မဲဆန္ဒနယ်မှ ဦးစန်းလွင် (ခ) ဦးချိုငယ် တို့နှင့်အတူ အောင်လံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အဖွဲ့ဝင်များ စုပေါင်း၍ ဂရုဏာကြယ်စင်၊ မေတ္တာမွန်၊ သုခရိပ်၊ သင်္ခါရ ပရဟိတ အသင်း (၄) ဖွဲ့ထံသို့ Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အထောက်အကူဖြစ်စေသည့် အောက်ပါပစ္စည်း မျိုးစုံ (၅) မျိုး နှင့် ငွေငါးသောင်း ကျပ်နှင့် ညီမျှသော စက်သုံးဆီထုတ်ယူခွင့်ကတ် ၁ ကတ်စီ ၊ တစ်ဖွဲ့လျှင် ကာလတန်ဖိုး ၁၂၃,၅၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ၄၉၄,၀၀၀ ကျပ်အား အသီးသီး သွားရောက် ပေးအပ်လှူဒါန်း ခဲ့ပါသည်။

၁. PPE ၃ စုံ ၁၉၅၀၀ ကျပ်

၂. N 95 ၅ ခု ၂၁၀၀၀ ကျပ်

၃. Face Shield ၁၀ ခု ၅၀၀၀ ကျပ်

၎. Mask ၅၀၀ ခု ၁၃၀၀၀ ကျပ်

၅. လက်သန့်ဆေးရည် ၅ ဗူး ၁၅၀၀၀ ကျပ်

၆. ငွေငါးသောင်းကျပ်နှင့် ညီမျှသော စက်သုံးဆီ ထုတ်ယူခွင့်ကတ် ၁ ကတ်

တစ်ဖွဲ့လျှင် ကလတန်ဖိုး ၁၂၃,၅၀၀ ကျပ်၊ ပရဟိတအဖွဲ့ (၄) ဖွဲ့အတွက် စုစုပေါင်း ၄၉၄,၀၀၀ ကျပ်အား အသီးသီး ပေးအပ်လှူဒါန်း ခဲ့ပါသည်။