ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းကို ကျေးလက်ဒေသ ရပ်မိရပ်ဖနှင့် ပြည်သူများက ကြိုဆို

 

ဝေါ အောက်တိုဘာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) တွဲဖက် တာဝန်ခံဝေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလှသိန်းသည် ဝေါမြို့နယ် သူရဲသမိန် ကျေးရွာရှိ မဲဆန္ဒရှင် ကျေးလက်နေ ပြည်သူများထံ ယမန်နေ့နံနက်ပိုင်းက သွားရောက်တွေ့ဆုံခဲ့ရာ သူရဲသမိန်ကျေးရွာရှိ ကျေးလက်ဒေသမှ ရပ်မိရပ်ဖများ၊ ပြည်သူများ၊ ပါတီဝန်းရံသူများက လှိုက်လှဲစွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။