ပြည်သူများ၏ ကျန်းမားရေးကို အလေးထား၍ ညောင်လေးပင်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများသို့ Covid-19 ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံး

 

ညောင်လေးပင်၊ အောက်တိုဘာ ၆

ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ယနေ့မနက် ၈ နာရီချိန်မှ စတင်၍ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်ကို ကိုဗစ်-19 ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးခဲ့ကြသည်။ လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ညောင်လေးပင်မြို့နယ် အတွင်းရှိ တာဦး၊ ချောင်းကျိုး-လေးအိမ်စု ကျေးရွာများသို့ သွားရောက်ပြီး တစ်အိမ်တက်ဆင်း (Door to Door)စနစ်ဖြင့် လက်ကမ်း စာစောင်များဝေငှ၍ စည်းရုံးရေး ဆင်းခဲ့ကြသည်။ မဲဆွယ်စည်းရုံးရေးသို့ ညောင်လေးပင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာသန့်ဇော်လွင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်စိုး၊ ရပ်ကွက်/ကျေးရွာ ကော်မတီဝင်များနှင့် ဒေသခံလူငယ် များ လိုက်ပါခဲ့ကြသည်။Waiyan