မြိတ်မြို့ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေး ဗွီနှိုင်းပိုစတာများ စိုက်ထူ

 

မြိတ်၊ အောက်တိုဘာ မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီအဖွဲ့မှ အောက်တိုဘာ  ၅ ရက်တွင် မြိတ်မြို့နယ် ကဟန်းကျေးရွာအုပ်စု၊ စလွန်းကျေးရွာအုပ်စု၊ မင်းသန်းကျေးရွာအုပ်စုတို့၌ ပါတီအောင်နိုင်ရေး ကိုယ်စားလှယ်လောင်း ဗွီနှိုင်းဆိုင်းဘုတ်များကို စိုက်ထူခြင်းများ ဆောင်ရွက်ခဲ့ကြသည်။  ထိုသို့ ဆောင်ရွက်ရာတွင် ပါတီအောင်နိုင်ရေးအဖွဲ့ဝင်များနှင့်အတူ ပြည်ခိုင်ဖြိုးပါတီ လွတ်တော်ကိုယ်စားလှယ်လောင်း ဦးမိုး​မြင့်၊ ဦးဇော်လှိုင်ဝင်းနှင့် ဦးကျော်ကျော်ဦးနှင့်အတူ ရပ်ကွက်နှင့်ကျေးရွာ ပါတီခေါင်းဆောင်များနှင့် ပါတီ ဝန်းရံသူများက ကျန်းမာရေးဌာန သတ်မှတ်ချက်နှင့်အညီ လိုက်ပါဆောင် ရွက်ခဲ့ကြပြီး လွတ်တော်ကိုယ်စားလှယ် လောင်းများက ဆိုင်းဘုတ်အား အမွေးနံ့သာရေများဖြင့် ပစ်ဖျန်းခြင်းတို့ကို ဆောင်ရွက်​ပေးခဲ့ကြကြောင်း သိရှိ ရသည်။  ပြည်ခိုင်ဖြိုးပါတီ (မြိတ်)