ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီနှင့် ပြည်သူများ၏ စုပေါင်းလှုဒါန်းမှု တစ်ခုအဖြစ် မြို့နယ်အတွင်း ဘုန်းတော်ကြီး ကျောင်းတိုက်များ ဆက်လက်လှုဒါန်း”

 

အောက်တိုဘာ ၂၀၂၀ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်မိသားစုများ၊ စေတနာရှင်မိဘပြည်သူများ ဝိုင်းဝန်းစုပေါင်း၍ မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ သီလရှင်စာသင်တိုက်များ (ကျောင်းတိုက်ပေါင်း (၂၆၀) ခန့်တို့ကို ကိုဗစ် ကာလအတွင်း ဆွမ်း၊ကွမ်း အခက်အခဲမဖြစ်ပေါ်စေရေးအတွက် ဆွမ်းဆန်များ၊ ငါးသေတ္တာဗူးများ၊ ပဲနှင့်ဆေးဝါး ပစ္စည်းများ စားသောက်ကုန်ပစ္စည်းများကို လိုက်လံ၍ ဆက်ကပ်လှုဒါန်းပေးနေလျှက်ရှိတာ ယနေ့တွင် ကျန်ရှိ နေသော ဘုန်းတော်ကြီးကျောင်းများသို့ ထပ်မံ၍သွားရောက် လှုဒါန်းပေးခဲ့ပြီး ဒဂုံတောင်မြို့နယ်၏ ကျက်သေရေ ဆောင် ကျောက်စိမ်းစေတီတော်မြတ်ကြီး ရင်ပြင်တော်ခင်းကျင်း ဆောက်လုပ်နေမှုကို တတ်စွမ်းနိုင်သလောက် ဝင်ရောက်၍ လှုဒါန်းပေးခဲ့ပါသည်။ အဆိုပါလှုဒါန်းမှုများကို မြို့နယ်ပါတီဥက္ကဌ ဒေါ်စမ်းစမ်းဌေး၊ မြို့နယ်အကြံပေး ပုဂ္ဂိုလ် ဦးမြင့်ဦး၊ မြို့နယ်ကော်မတီဝင် ဦးမြင့်အောင်၊ ဦးခင်မောင်ဝင်းတို့နှင့် ပြည်ခိုင်ဖြိုးပါတီကို အားပေးထောက်ခံ ကြသော ဝန်းရံသူများမှ ဝိုင်းဝန်း၍လုပ်အားပေးဆောင်ရွက်ကြခြင်းဖြစ်ပါသည္။ #Arkar(S/Dagon)