ရေကြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကွန်ကရစ်လမ်းခင်းရန် အလှူငွေများ လှူဒါန်း

 

ရေကြည် စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တောင်လယ် သုသာန်လမ်းကွန်က ရစ်ခင်းရန် ယမန်နေ့ နံနက် ၁၁ နာရီက ကရုဏာ လူမှုကူညီရေး အသင်းရုံးသို့ သွားရောက်ကာ အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။

သွားရောက်လှူဒါန်းရာတွင် ရေကြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီရုံးမှ မြို့နယ် ကော်မတီ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်အိအိချောသည် ရေကြည်မြို့ရှိ ကရုဏာလူမှုကူညီရေး အသင်းရုံး သို့သွားရောက်ကာ တောင်လယ်သုသာန်လမ်း ခင်းရန်အတွက် တာဝန်ရှိသူများထံ အလှူငွေကျပ်တစ်သိန်း သုံးသောင်းကို လှူဒါန်းခဲ့ပြီး ကရုဏာလူမှုကူညီရေး အသင်းဥက္ကဋ္ဌက အလှူတော်ငွေမှတ်တမ်း ပြန်လည်ပေးအပ် ကြောင်း သိရသည်။

ဆန်းတင့်(ရေကြည်)