မိုးနဲမြို့ပြည်ခိုင်ဖြိုးပါတီမှ နမ့်မော်ဆွမ့် အလကကျောင်းသို့ လက်ဆေးဘေစင်နှင့် နှာခေါင်းစည်းများ လှူဒါန်း

 

မိုးနဲ စက်တင်ဘာ

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အမှတ် (၂) အခြေခံပညာ အလယ်တန်းကျောင်း နမ့်မော်ဆွမ့်ကျေးရွာရှိ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ အသုံးပြုနိုင်ရန်အတွက် လက်ဆေးဘေစင်နှင့် နှာခေါင်းစည်းများကို ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းသို့လှူဒါန်းရာတွင် မိုးနဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးစိုင်းအုန်းကျော်နှင့် ပါတီ ကော်မတီဝင်များက အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းအတွက် ခြေနင်းလက်ဆေးဘေစင်သုံးခု တန်ဖိုးငွေကျပ် ၁ဝ၅ဝဝဝ နှင့် နှာခေါင်းစည်း ၅ဝ ပါနှစ်ဘူးကို ပေးအပ်လှူဒါန်းရာကျောင်းအုပ် ဆရာမကြီး ဒေါ်ဇင်မာကျော်က လက်ခံရယူခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)