အမရပူရမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ပြည်ခိုင်ဖြိုးပါတီ ပြောရေဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး မိသားစုမှ ညနေစာစတုဒီသာကျွေးမွေးလှူဒါန်း

 

အမရပူရမြို့နယ်​၊​ ရေလဲ​ကျောင်းတိုက်​တွင်​ မြို့နယ်​အတွင်းရှိ ​ရေ​ဘေးသင့်​ပြည်​သူများအား ယ​မန်နေ့မွန်းလွဲ (၂) နာရီမှ (၄) နာရီအထိ ပြည်​ခိုင်​ဖြိုးပါတီ​ ပြော​ရေးဆိုခွင့်​ရှိသူ ဦးသိန်းထွန်းဦး၏ ညီမ ​ဒေါ်​ကျော်​​ကျော်​ဟိန်းမိသားစုမှ ​ရေ​ဘေးသင့်​ပြည်​သူ (၁၀၀၀) ဦးစာအတွက်​ ည​နေစာ စတုဒီသာ​ ကျွေး​မွေးလှူဒါန်း ခဲ့သည်​။

ထိုသို့လှူဒါန်းရာသို့ ပြည်​ခိုင်​ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ အမရပူရမြို့နယ် ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦး၊ မန္တလေးခရိုင် ပြည်​ခိုင်​ဖြိုးပါတီအတွင်းရေးမှူး ဒေါ်ဝါဝါလှိုင်၊ အမရပူရမြို့နယ် ပြည်​ခိုင်​ဖြိုးပါတီ အတွင်းရေးမှူး ဒေါ်စောမြိုင်၊မြို့နယ်​ပါတီကော်မတီဝင်များ၊ပါတီဝင်များမှ လုပ်အားဒါနပြုကုသိုလ်ယူ​ ဆောင်​ရွက်​​ပေးခဲ့​ကြောင်း သိရသည်​။

အမရပူရမြို့နယ်​တွင်​ ယခုလ (၂၀) ရက်​ ည​ (၈) နာရီခန့်​က မန္တလေး – စစ်ကိုင်း ကမ်းနားလမ်းရှိ ရွှေဂဲ​ရေဆိုးထုတ် စက်​ရုံမှ ​ရေထုတ်​ပြွန်​များမှ ​ရေယိုစိမ့်​မှုဖြစ်​ပွားခဲ့ပြီး ဧရာဝတီမြစ်​ကမ်းပါးတာ​ပေါင်းကျိုးပျက်​မှု ဖြစ်​ပွားခဲ့ကာ အမရပူရမြို့နယ်​အတွင်းရှိ ယဉ်​​တော်​​​ကျေး ရွာ၊မှန်​တန်းရပ်​ကွက်​၊ ကျန်​တန်းရပ်​ကွက်​နှင့်​​ ဈေးချိုရပ်​ကွက်​ အစ ရှိသည့်​ ဧရာဝတီမြစ်နံ​ဘေးမှ အနိမ့်​ပိုင်းကျ​ရောက်​​သောနေရာများအတွင်းသို့ မြစ်​ရေဝင်ရောက်ခဲ့​သော​ကြောင့်​ ​ရေ​ဘေးသင့်​ပြည်​သူများအား ​ရေ​ဘေးလွှတ်​ရာ ဘုန်း​တော်​ကြီး​ကျောင်းများနှင့်​ဓမ္မာရုံများသို့ ယာယီ​ရွှေ့​ပြောင်းခဲ့ရ​ကြောင်း သိရသည်​။