ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီ သင်ထုံးရွာဦးကျောင်းဆရာတော်အား ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်

 

မြစ်သား ဇွန် ၁၇ 

မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဘုံကွင်းကျေးရွာအုပ်စု သင်ထုံးကျေးရွာတွင် ယမန်နေ့ နံနက် ၈ နာရီခွဲက သင်ထုံးရွာဦးကျောင်း ဆရာတော်ဘဒ္ဒဝိစိတ္တအရှင်သူမြတ်အား ကျောက်ဆည်ခရိုင် ပါတီအတွင်းရေးမှူး ဦးစန်းမြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်၊ နယ်မြေတာဝန်ခံ ဦးသန်းညွန့်၊ ဦးတင်ကိုနိုင်တို့က နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ် ပစ္စည်းများအား ဆက်ကပ်ခဲ့သည်။ ဆက်လက်၍ သင်ထုံးကျေးရွာ လမ်းခင်းရာ၌ အသုံးပြုရန် အလှူငွေအား လမ်းကော်မတီထံ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် မသဲကျေးရွာအုပ်စု စမြောင်ကျေးရွာရွာဦးကျောင်း ဆောက်လုပ်ရန် ဆရာတော်ဘဒ္ဒန္တ ဦးတေဇနီယျထံ နဝကမ္မအလှူငွေ ကျပ်တစ်သိန်းအား လှူဒါန်းခဲ့သည်။
အဆိုပါ လှူဒါန်းရာသို့ ကျောက်ဆည်ခရိုင် ပါတီအတွင်းရေးမှူး ဦးစန်းမြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်၊ မြို့နယ်ပါတီကော် မတီဝင်ဦးသန်းညွန့်၊ ဦးတင်ကိုနိုင်၊ ဦးကျော်သန်း၊ သတင်းမီဒီယာ တာဝန်ခံ ဦးညဏ်ဆောင်၊ ရပ်ကျေး ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။