လက်စတာနောက်ခံလူ မက်ဂွိုင်းယားကို မန်ယူက ကမ္ဘ့ာစံချိန်တင်ကြေး ပေါင် သန်း ၈၀ ဖြင့် ခေါ်ယူ

မန်ချက်စတာယူ နိုက်တက်က လက်စတာစီးတီးမှ အင်္ဂလန်ဗဟိုနောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားကို  ကမ္ဘာ့စံချိန်တင် ကြေးပေါင်သန်း ၈၀ ဖြင့် ခေါ်ယူခဲ့ သည်။ မက်ဂွိုင်းယား (၂၆) နှစ် သည် အိုးလ်ထရက်ဖို့ဒ်တွင် ခြောက်နှစ်စာချုပ်လက်မှတ်ရေး ထိုးပြီး နောက်ထပ်တစ်နှစ်သက် တမ်းတိုးရန် သတ်မှတ်ချက်တစ် ရပ်လည်း စာချုပ်၌ ပါဝင်သည်။ မက်ဂွိုင်းယား၏ ပြောင်းရွှေ့ ကြေးက ၂၀၁၈ ဇန်နဝါရီတွင် ဆောက်သမ်တန်မှနယ်သာလန် နောက်ခံလူ ဗန်ဒိုက်စ်ကို လီဗာ ပူးက ပေါင် ၇၅ သန်းဖြင့်ခေါ်ယူသော စံချိန်ကို ချိုးဖျက်ကာ စံချိန် သစ်တင်ခဲ့သည်။

မန်ယူသည် တနင်္ဂနွေနေ့တွင် ချယ်လ်ဆီးကို လက်ခံကစားမည်ဖြစ်သည်။  —Ref: BBC/Sky sport