ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီနှင့် ထီးစဲခါး ကျေးရွာအုပ်စု၊ ကွန်နားကျေးရွာတွင် ပါတီဝင်ထုများနှင့် စကားဝိုင်း တွေ့ဆုံပွဲ

 

လွိုင်ကော်မြို့ – ဇူလိုင် ၃

ယမန်နေ့ (၃-၇-၂၀၁၉)ရက် နံနက် (၁၀:၀၀)နာရီမှ (၁၁:၃၀) နာရီအချိန်အထိ ကယားပြည်နယ်၊ လွိုင်ကော် မြို့နယ်၊ ထီးစဲခါးကျေးရွာအုပ်စု၊ ကွန်နားကျေးရွာပါတီဝင် ဦးဦးရယ်နေအိမ်တွင် ကယားပြည်နယ်၊ လွိုင်ကော် မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် လွိုင်ကော်မြို့နယ်၊ ထီးစဲခါးကျေးရာအုပ်စု၊ ကွန်နားကျေးရွာ ပါတီဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ စကားဝိုင်း ကျင်းပပြုလုပ် ပါသည်။ တက်ရောက်လာကြသော ပါတီဝင် များအား ပြည်ခိုင်ဖြိုး ပါတီမှထုတ်ဝေသော ပါတီဥက္ကဌကြီး ပြက္ခဒိန်နှင့် ပြည်ထောင်စုနေ့စဉ် သတင်းစာများ၊ ဂျာနယ်များ ပေးအပ်သွားပါသည်။

၎င်းတွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအလုပ်အမှုဆောင်) ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပိုးရယ် အောင်သိန်း၊ ပြည်နယ်ပါတီနာယက ဦးတောရယ်၊ ပြည်ခိုင်ဖြိုးပါတီဝင် ဦးဘော်ရယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးခင်မောင်ညို၊ ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးရဲဝင်း၊ ဦးတင်ဦး ဦးကျော်သင်း၊ ဒေါ်နန်းယဉ်သီတာထွေး၊ ခရိုင် အတွင်းရေးမှူး ဦးကွယ်ရယ်ဖိုးနှင့် ခရိုင်ကော်မတီဝင် ဦးစူးရယ်၊ လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမောင်ရွှေနှင့် မြို့နယ်ကော်မတီဝင်များ ကွန်နားရွာပါတီဝင်များ စုစုပေါင်းအင်အား (၅၀) ကျော် တက်ရောက်ကြောင်း သတင်းရရှိသည်။  မမောင် မမောင်