ပါတီဆိုင်းဘုတ်တင်ပွဲနှင့်ပါတီဝင်များတွေ့ဆုံပွဲကျင်းပ

 

အုတ်တွင်း မတ် ၂၈

ပဲခူးတိုင်းဒေသကြီး အုတ်တွင်း မြို့နယ် ဆွဲလဲချောင်းကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌ ဦးမင်းနိုင်နေအိမ်တွင် ယမန်နေ့ နံနက် ၉ နာရီတွင် ကျေးရွာ အုပ်စုပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲ ကျင်းပခဲ့သည်။

ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား သို့ တောင်ငူခရိုင်ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီ ဝင် အုတ်တွင်းမြို့နယ် တာဝန်ခံ ဦးလွင်မြင့်၊ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ အုတ်တွင်းမြို့ နယ်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အတွင်းရေး မှူးဦးနိုင်ဝင်းနှင့်အုတ်တွင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးကျော်ဆန်းဦး၊ ဒေါ်ခင်ထွေးမော်၊ မြို့နယ်အရန်ပါတီကော်မတီဝင် ဦးဝင်းနိုင်၊ ရပ်ကျေးပါတီ ဥက္ကဋ္ဌ များဖြစ်သော ဦးစောထွန်းတို့ ပါဝင်သောအဖွဲ့သည် ဆွဲလဲချောင်း ကျေးရွာသို့ရောက်ရှိပြီးပြည်ထောင် စုကြံ့ခိုင်ရေးပါတီ ဆိုင်းဘုတ် တင်ပွဲနှင့် ပါတီဝင်များနှင့် တွေ့ဆုံ ခဲ့သည်။

ယင်းတွေ့ဆုံပွဲတွင် မြို့နယ် ပါတီဥက္ကဋ္ဌဦးဝင်းမြင့်က အဆိုပါ ဆိုင်းဘုတ်တင်ရခြင်းရည်ရွယ်ချက် များနှင့်ပတ်သက်ပြီး ရှင်းလင်းတင် ပြပြီး ပါတီဝင်မိဘပြည်သူများနှင့် ရင်းရင်းနှီးနှီးမိတ်ဆက်ခဲ့ပြီးတောင်ငူ ခရိုင်ကော်မတီဝင် ဦးလွင်မြင့်က ၂ဝဝ၈ဖွဲ့စည်းပုံနှင့်ပတ်သက်သော သိကောင်းစရာအကြောင်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

နေကာယံ(အုတ်တွင်း)