ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

နေပြည်တော်၊ ၂၈.၁၁.၂၀၁၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးနှင့်ဖွံ့ဖြိုးရေပါတီ ပြည်ထောင်စုနယ်မြေ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲအား ပြည်ထောင်စုနေမြေရုံးတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌပါတီ ဦးဝေလွင်၊ ပြည်ထောင်စုနယ်မြေပါတီတာဝန်ရှိသူများ အမျိုးသမီးညီလာခံ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သီချင်းသီဆိုခြင်းနှင့်နိုင်ငံတော်အလံအလေပြုခြင်းဖြင့်စတင်ခဲ့ပြီး “ကေသရာဇာခြင်္သေ့” သီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့သည်။ အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဗဟိုအလုပ်မှုဆောင် ဦးဝေလွင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်ထောင်စုနယ်မြေပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပမည့် ဒုတိယပိုင်းအစီအစည်များအား ခရိုင်ကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ယဉ်ယဉ်အေးမှ ဖတ်ကြားရှင်းလင်းခဲ့ပြီး အခမ်းအနားပထမပိုင်းအားရုတ်သိမ်းခဲ့သည်။

အခမ်းအနား ဒုတိယပိုင်းတွင် အမျိုးသမီးနှီးနှောဖလှယ်ပွဲ စာတမ်းခေါင်းစဉ်များအလိုက် စာတမ်းများရေးသားပြုစုခြင်း စာတမ်းဖတ်ကြားမည့်ကိုယ်စားလှယ်များအာစနစ်တကျရွေးချယ်ပြီး အမျိုးသမီးအစုအဖွဲ့ (၄) ခုမှ ကိုယ်စားလှယ်များမှ စာတမ်းများ ဖတ်ကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုနယ်မြေ အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲမှ တွေရှိချက်၊ ဆုံးဖြတ်ချက်နှင့်ရှေ့လုပ်ငန်းစဉ်များ ထုတ်ပြန်ကြေငြာခြင်းနှင့် ပြည်ထောင်စုနယ်မြေပါတီ ဥက္ကဋ္ဌ ဦးဝေလွင်မှ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို “ပြည်ခိုင်ဖြိုးဟေ့” သီချင်းသံပြိုင်သီဆို၍ အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။