ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းကျားကွက်သစ်ရှိမဲဆန္ဒရှင်ပြည်သူများအားဂါရဝပြုတွေ့ဆုံ

 

ရန်ကုန် အောက်တိုဘာ ၁၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်သည် ယမန်နေ့ ညနေ ၄ နာရီက တာမွေမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးမျိုးဝင်းကျော် တာမွေမြို့နယ် ကျားကွက်သစ် မဲဆန္ဒရှင်ပြည်သူများအား ဂါရဝပြု လိုက်လံနှုတ်ခွန်းဆက် မိတ်ဆက် စကားပြောကြားရာသို့ အားပေး ကူညီဆောင်ရွက်ခဲ့သည်။

ဗဟိုအတွင်းရေးမှူးနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ပါတီကော် မတီဝင်များ၊ အရှေ့ပိုင်းခရိုင် ပါတီ ဥက္ကဋ္ဌဦးစိန်မြင့်၊ အရှေ့ပိုင်းခရိုင် မြို့နယ် ပါတီဥက္ကဋ္ဌများ မျိုးဆက် သစ်ပါတီဝင်သီဟသွေးများဝန်းရံ လျက် ကျားကွက်သစ် ရပ်ကွက် အတွင်း တစ်လမ်းဝင်တစ်လမ်း ထွက်ဖြင့် တာမွေမြို့နယ် ပြည်ခိုင် ဖြိုး ပါတီဥက္ကဋ္ဌဒေါ်လဲ့လဲ့ဝင်းဆွေ ကမိတ်ဆက်စကားပြောကြားခြင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးမျိုးဝင်းကျော်က မိမိ ကိုယ်ကို ပြည်သူများအားအပ်နှံခြင်း၊ ပြည်သူများ စဉ်းစားချိန်တန်ပြီ ဖြစ်၍အသည်းကြားကမဲတစ်ပြားကို မဲပေးမမှားမိစေဘဲ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ် လိုက်ပါက မိမိအတွက်နှင့် မိဘ ပြည်သူများ မျက်နှာမငယ်စေရ ပါကြောင်း၊ ဂုဏ်သိက္ခာ မငယ်စေ ရပါကြောင်း၊ ပြောကြားခဲ့ကြောင်း သိရသည်။

ကြည်သိန်း(သင်္ဃန်းကျွန်း)