ကန်ကြီးဒေါင့်တွင် ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

ဖျာပုံ အောက်တိုဘာ ၉

ဧရာဝတီတိုင်းဒေသကြီး ကန် ကြီးဒေါင့်မြို့နယ်ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီကကြီးမှူး၍ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအခမ်းအနားကို ကန်ကြီးဒေါင့်ပြည်ခိုင်ဖြိုးပါတီ ခန်းမ၌ ယမန်နေ့နံနက်၁ဝနာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးညဏ်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး နောက် တိုင်းဒေသကြီးပါတီ ကော်မတီဝင်ဒေါ်ခင်စောမူးကဗဟို အမျိုးသမီးညီလာခံကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြား ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရပ်ကွက်ကျေး ရွာ အမျိုးသမီးရေးရာအဖွဲ့ဝင်များ က မြန်မာအမျိုးသမီးများနှင့်မြန်မာ့ နိုင်ငံရေးမြှင့်တင်ရေး အခန်းကဏ္ဍ စာတမ်းကိုလည်းကောင်း၊ အမျိုး သမီးများအတွက်အမျိုးဂုဏ်၊ဇာတိ ဂုဏ်ထိန်းသိမ်းရေး၊ အမျိုးသမီး များ၏ အခွင့်အရေးများကို ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက် ရေးစာတမ်းကိုလည်းကောင်း၊ အမျိုးသမီးများဘဝလုံခြုံမှု၊ ငြိမ်း ချမ်းသာယာမှုနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးစာတမ်းကို လည်းကောင်း၊ အမျိုးသမီးပါတီ ဝင်အသစ်များ စုဆောင်းခြင်းနှင့် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါတီဝင် အမျိုးသမီးများအား စဉ်ဆက် မပြတ်လေ့ကျင့်ပျိုးထောင်ရေး စသော စာတမ်းများတင်သွင်းခဲ့ ကြောင်းသိရသည်။

ထို့နောက် မြို့နယ်အမျိုးသမီး ညီလာခံအကြိုနှီးနှောဖလှယ်ပွဲမှ တိုင်းဒေသကြီးအမျိုးသမီးညီလာ ခံ၊ဗဟိုအမျိုးသမီးညီလာခံသို့တက် ရောက်ရမည့်သူတို့အားအမည်စာရင်း တင်သွင်းခဲ့ကြပြီး အခမ်းအနားသို့ တိုင်းပါတီကော်မတီဝင်များ၊ ခရိုင် ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ပါတီကော် မတီဝင်များ၊ ရပ်ကွက်ကျေးရွာ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ အင်အား ၃၁၅ ဦးတက်ရောက်ခဲ့ ကြောင်း သိရသည်။

ကျော်စိုးမိုး(ဖျာပုံ)