အမျိုးသမီးရေးရာအဖွဲ့၏ ဆံပင်နှင့်မိတ်ကပ် အလှပြင်သင်တန်း အမှတ်စဉ်(၃)ဆင်းပွဲကျင်းပ

 

ရန်ကုန် စက်တင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင် ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာအဖွဲ့၏ ဆံပင်နှင့် မိတ်ကပ်အလှပြင်သင်တန်းအမှတ် စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီတွင် တောင်ညွန့် မီးရထားရပ်ကွက်ရှိ ဓမ္မပါလဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအရှေ့ပိုင်းခရိုင်အတွင်းရေးမှူး ဒေါ်ဇာခြည်လင်းက သင်တန်းဆင်းအမှာ စကားပြောကြားခဲ့သည်။ ယင်းနောက် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဝင်းလှိုင်က သင်တန်းဆင်းအမှာ စကားပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပါတီအတွင်း ရေးမှူး ဦးတင်ရှိန်က သင်တန်းဆရာများ အား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးခဲ့ သည်။ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ် အေးအေးမွန်က သင်တန်းဆင်းလက်မှတ် များကို ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်း တာဝန်ခံဒေါ်နှင်းအိအိခင်(ဘဏ္ဍာရေးမှူး) က ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရေးမှူး ဒေါ်ဇာခြည်လင်းက သင်တန်းတွင် ထူးချွန် စွာ အောင်မြင်ခဲ့သော မချစ်ချစ်မိုးလှိုင်အား ဂုဏ်ပြုလက်ဆောင် ချီးမြှင့်ပေးခဲ့သည်။ သင်တန်းဆင်းအခမ်းအနားသို့ သင်တန်းသူ များနှင့် ရပ်ကွက်ပါတီ ခေါင်းဆောင်များ၊ မြို့နယ်ပါတီ ကော်မတီဝင်များ စုစုပေါင်း ၇ဝခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)