မ​ကွေးတိုင်း​ဒေသကြီး ပါတီ​ကော်​မတီ ပခုက္ကူခရိုင် ​နှင့် ဂန့်​​ဂေါခရိုင်​တို့မှပါတီ​ကော်​မတီဝင်​များ ​တွေ့ဆုံပွဲပြုလုပ်

 

ပခုက္ကူ၊ ၊ စက်​တင်​ဘာ ၂၆

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ မ​ကွေးတိုင်း​ဒေသကြီး ပါတီ​ကော်​မတီနှင့် ပခုက္ကူခရိုင်​နှင့်ဂန့်​​ဂေါခရိုင်​တို့မှ ပါတီ​ကော်​မတီဝင်​များ ​တွေ့ဆုံပွဲကို စက်တင်ဘာ (၂၆) ရက်​နေ့ နံနက်​ ၁၀ နာရီခွဲအချိန်​တွင်​ ပခုက္ကူခရိုင်​ပါတီ အစည်းအ​ဝေးခန်းမ၌ ပြုလုပ်​ခဲ့ပါသည်​။ ​ရှေးဦးစွာ တိုင်း​ဒေသကြီးပါတီ
ဥက္ကဌ ​ဒေါက်​တာ​မောင်​​မောင်​​ဌေးက စည်းရုံး​ရေးဆိုင်​ရာများနှင့်ပတ်​သက်​၍ ရှင်းလင်း​ပြောကြားပြီး တိုင်း​ဒေသကြီး ပါတီအတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်က မျက်​​မှောက်​နိုင်​ငံ​ရေးအ​ခြေအ​နေများနှင့်ပတ်​သက်​၍ သုံးသပ်
ပြောကြားပါသည်​။
ဆက်​လက်​၍ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ဦး​စောဝင်း​မောင်​က ပါတီရုံးလုပ်​ငန်းပိုင်းဆိုင်​ရာများနှင့်ပတ်​သက်​၍ ရှင်းလင်း​ဆွေး​နွေးခဲ့ပြီး
တက်​​ရောက်​လာသူများမှ မိမိတို့မြို့နယ်​အလိုက်​ လုပ်​ငန်း​ဆောင်​ရွက်​ထားရှိမှုများ၊ ​ဒေသအ​ခြေအ​နေများ၊ သိရှိလိုသည်​များ၊ အကြုံပြုချက်​များ ရှင်းလင်းတင်​ပြ​ဆွေး​နွေးကြပါသည်​။ ရှင်းလင်းတင်​ပြချက်​များအ​ပေါ်တိုင်း​ဒေသကြီးပါတီဥက္ကဌနှင့် အတွင်း​ရေးမှူးတို့မှ ပြန်​လည်​ရှင်းလင်း ​ဆွေး​နွေးပြီး မွန်းလွဲ ၁၂ နာရီခွဲအချိန်​တွင်​ ​တွေ့ဆုံပွဲပြီး​မြောက်​ခဲ့ပါသည်​။
အဆိုပါ​တွေ့ဆုံပွဲသို့ ဗဟိုအလုပ်​အမှု​ဆောင်​၊ မ​ကွေးတိုင်း​ဒေသကြီးပါတီ ဥက္ကဌ ​ဒေါက်​တာ​မောင်​​မောင်​​ဌေး၊ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်၊ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​များဖြစ်​ကြ​သော ဦး​စောဝင်း​မောင်​၊ ဦး​သော်​ဇင်​ဦး၊ ဦးလှ​ဆွေ၊ ပခုက္ကူခရိုင်​ ပါတီဥက္ကဌ ဦးသိန်းထွန်းနှင့် ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊ ခရိုင်​အတွင်းရှိမြို့နယ်​ ၅ မြို့နယ်​မှ ပါတီဥက္ကဌများ၊ ဂန့်​​ဂေါခရိုင်​ပါတီဥက္ကဌ ဦးသိန်း​ဆွေနှင့် ခရိုင်​အတွင်းရှိ မြို့နယ်​ ၃ မြို့နယ်​မှ ပါတီဥက္ကဌများ တက်​​ရောက်​ခဲ့ကြ​ကြောင်း သိရသည်​။

မင်း​ဇော်