မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်းဖွင့်

 

မိုးကောင်း စက်တင်ဘာ ၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့် ပွားသင်တန်းအမှတ်စဉ်(၂/၂ဝ၁၈) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပင်းဘောကျေးရွာအုပ်စု ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်နယ် ပါတီကော်မတီဝင် ဦးသိန်းထွန်း အေးက အမှာစကားပြောကြားပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်း အောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်း၌ ပို့ချပေးမည့်ဘာသာရပ်များကို ရှင်း လင်းပြောကြားသည်။

သင်တန်းသို့ ကျေးရွာအုပ်စု ၁ဝ အုပ်စုမှ ကျေးရွာအုပ်စုပါတီ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ အင်အား ၃ဝ တက်ရောက်ကြပြီး ပြည်နယ်ပါတီကော်မတီဝင်ဦးသိန်း ထွန်းအေးနှင့် ဦးစိုးဝင်း၊ မြစ်ကြီး နားခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းဖေနှင့် ကော်မတီဝင်ဦးမောင်မောင်လွင်၊ မိုးညှင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်ဝင်း ထွန်း၊ မိုးညှင်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးလမိုင်နှင့်မိုးကောင်းမြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်တို့က နိုင်ငံရေးစီမံခန့်ခွဲမှုဆိုင်ရာများ အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအောင်နိုင်ရေးနှင့် လူထုဟောပြောနည်းဘာသာရပ် များကို ယနေ့မှ ယခုလ ၇ ရက်နေ့ အထိ ပို့ချသွားမည်ဖြစ်သည်။

ဝင်းအောင်(မိုးကောင်း)