ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

 

လွိုင်ကော် – သြဂုတ် ၂၃

ယနေ့ ၂၃-၈-၂၀၁၈ ရက်နေ့ နံနက် (၁၀း၄၅) နာရီမှ နေ့လည် (၁၂း၄၅) နာရီအချိန်အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အပတ်စဉ် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ပါသည်။
ယင်းအစည်းအဝေးသို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း (ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ်ပါတီနာယက ဒေါ်စုလေးဖြူ ၊ ပြည်နယ်ယာယီအတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးတင်ဦး၊ ဦးမော်ရယ်၊ ဦးရဲဝင်း၊ ဦးကျော်သင်း၊ ဒေါ်ဗျားမြာမောင်နှင့် ဒေါ်ဒေါရစ်လေးတို့ တက်ရောက်ကြောင်း သတင်းရှိရသည်။

ထာဝရ မြေချစ်သူ