မိုင်းယောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်

မိုင်းယောင်း၊ သြဂုတ် ၁၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ဝေးလံခေါင်းပါး ဒေသရှိ ကျောင်းသားကျောင်းသူများအား ကျောင်းသုံးပစ္စည်းများပေးအပ်ခြင်း၊ သဘာဝဘေးဒဏ်ကြုံတွေ့ခံစားရ သော ဒေသခံပြည်သူများကို သွားရောက်အားပေးပြီး လိုအပ်သည်များ ကူညီထောက်ပံ့ပေးခြင်း၊ ဘာသာ လူမျိုး မရွေး နာရေးကိစ္စများတွင် ကူညီဆောင်ရွက်ပေးခြင်း စသည့် လူမှုကူညီရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုင်းယောင်းမြို့နယ် ပါတီဥက္ကဋ္ဌ ဦးစိုင်းအောင်ခမ်းသည် ယမန်နေ့ နံနက်ပိုင်းက အမှတ် (၈) ရပ်ကွက်နေ ဦးစိုင်းဆိုင် (ကျိုင်းတုံ) ၏သား စိုင်းအောင်ခမ်း (၃၅) နှစ်၏ နာရေးကိစ္စ ဆောင်ရွက်ရာတွင် ပါတီ၏မေတ္တာရှင်နာရေးအသင်းမှ လိုအပ်နေသော မဏ္ဍပ်၊ စားပွဲ၊ ကုလားထိုင်များ ကူညီဖြည့်ဆည်းပေးပြီး အသင်း၏နိဗ္ဗာန်ယာဉ်ဖြင့် မြို့နယ်ကော်မတီ၊ ရပ်ကွက်/ကျေးရွာကော်မတီဝင်များနှင့် ပါတီ၏လူငယ်ရေးရာ/ အမျိုးသမီးရေးရာအဖွဲ့ဝင်များတို့နှင့်အတူ ပါဝင်ပူးပေါင်းလိုက်ပါ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

သားငယ်(မိုင်းယောင်း)