ဘီးလင်းရေဘေးသင့်ပြည်သူများအား လာရောက်လှူ ဒါန်းသည့် ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်းအား ပြည်ခိုင်ဖြိုး ကူညီဆောင်ရွက်
ဘီးလင်း၊ သြဂုတ် ၂
ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်တွင် ကျေးရွာ ၁၆ ရွာ၊ အိမ်ထောင်စု ၃၆၇၅ စု ရေကြီးနစ်မြုပ်မှုခံစားခဲ့ရပြီး ရေဘေးကယ်ဆယ်ရေးစခန်း ၄၁ ခု ဖွင့်လှစ်ထားပြီး ရေကြီးနစ်မြုပ်မှု စတင်ဖြစ်ပွားသည့် အချိန်မှစတင်ပြီး မွန်ပြည်နယ်ပါတီ၏ ကြီးကြပ်ကွပ်ကဲမှုနှင့်အတူ မြို့နယ်ပါတီမှ စဉ်ဆက်မပြတ် ကူညီ ဆောင်ရွက် ပေးလျှက်ရှိပြီး ပါတီနှင့် ဆက်သွယ်၍ ကူညီလှူဒါန်းလိုသည့်အလှူရှင်များအား မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
ထို့အတူ ယနေ့ သြဂုတ်လ ၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် အဂ္ဂမဟာ သီရိသုဓမ္မဦးသိန်းစိန်+ဇနီးဒေါ်ခင်ခင်ဝင်းတို့အားအမှုထား၍ ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်းမှ ဘီးလင်းမြို့နယ် ရေဘေးသင့်ကျေးရွာများဖြစ်သည့် နတ်ကြီးကျေးရွာအုပ်စု ကိုးနဝင်းကျောင်းရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု(၈၀) သို့ ဆန်အိတ် (၁၂) အိတ်၊ ရှမ်းစုရပ်ကွက်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၇၀)သို့ ဆန်အိတ်(၁၁) အိတ်၊ နတ်ကြီးကျေးရွာအုပ်စု ကျောင်းကြီး ရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု ၁၂၂ သို့ ဆန်အိတ်(၁၉) အိတ်၊ ရွှေလောင်းအင်းရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၅၉) စုသို့ ဆန်အိတ်(၈)အိတ်၊ ပျဉ်သာရပ်ကွက်ရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု(၁၈)သို့ ဆန်အိတ်(၆)အိတ် တို့အားလည်းကောင်း၊ အဟုံးကျေးရွာအုပ်စု ဖိုကြီးဆိပ်(ဘုန်းကြီးကျောင်း)ရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု(၁၀၂)သို့ ဆန်အိတ်(၂၃)အိတ်၊ အင်းဝိုင်းကုန်းရပ်ကွက်ရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု(၅၁)သို့ ဆန်အိတ် (၁၂)အိတ်တို့အားလည်းကောင်း၊ ဝင်းကကျေးရွာအုပ်စု ရွှေဂေါ်ရပ်ကွက်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၆၉)သို့ ဆန်အိတ်(၁၄)အိတ်နှင့် ခေါက်ဆွဲခြောက်ထုပ်များအား သွားရောက်လှူဒါန်းရာသို့ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ လှူ ဒါန်းရာသို့ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦး၊ ပြည်နယ်ပါတီကော်မတီဝင် ဦးသက်ထွေး၊ ဒေါက်တာခင်မောင်သွင်၊ မော်လမြိုင်ခရိုင်ဥက္ကဋ္ဌ ဦးစိုးထွန်း၊ သထုံခရိုင် ဥက္ကဋ္ဌဦးကျော်မြင့်၊ အတွင်းရေးမှူး ဦးစောဥာဏ်ဝင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ဘီးလင်းမြို့နယ်ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ အတွင်းရေးမှူး ဦးကျော်ဇေယျာမင်းနှင့် မြို့နယ်ကော်မတီဝင်များ ပါတီဝင်လူငယ်များ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းနှင့်အတူ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။