ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးနှင့်အဖွဲ့မှ ဘီးလင်းမြို့နယ် ရေဘေးရှောင်ပြည်သူများအား စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်း

 

ဘီးလင်း၊ ဇူလိုင် ၃၀

မွန်ပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး သည် ဇူလိုင် ၃၀ ရက်နေ့က ဘီးလင်းမြို့နယ်ရှိ ရေဘေးရှောင်စခန်းများဖြစ်သည့် ရွှေ​လှေ​ကျေးရွာအုပ်​စု၊ နှင်းပုလဲ​ကျေးရွာ(အ.ထ.က)​ကျောင်းခွဲတွင်​​ ပြောင်းရွေ့နေထိုင်​ကြ​သော​ ရေ​​ဘေးရှောင်ပြည်​သူများအား​ ရေသန့်​ဗူးများနှင့် ထမင်းထုပ်​များအား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဘီးလင်းမြို့နယ်​ပြည်​​ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်​​ဆွေနှင့်​ အတွင်း​ရေးမှူး ဦးကျော်​​ဇေယျာမင်းတို့မှ နံနက်​ပိုင်းတွင်​​ ရွှေ​လှေ​ကျေးရွာအုပ်​စု၊ နှင်းပုလဲ​ကျေးရွာ(အ.ထ.က)​ကျောင်းခွဲ​ရှိ ရေ​ဘေးရှောင်ပြည်​သူများအားလည်​​ကောင်း၊​ရွှေ​လှေ​ကျေးရွာရှိ ကယ်​ဆယ်​​ရေးစခန်း(၂)​နေရာတွင်​​နေထိုင်​​သော​ ရေ​ဘေးရှောင်ပြည်​သူများအားလည်​​ကောင်း၊​ရေသန့်​ဗူးများ၊ ဖ​ယောင်းတိုင်​များနှင့် စား​သောက်​ဖွယ်​ရာများ သွား​ရောက်​လှူဒါန်းခဲ့​ကြောင်း သိရသည်​။
ရေဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့ရာသို့ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး နှင့်အတူ မော်လမြိုင်ခရိုင် ဥက္ကဋ္ဌ ဦးစိုးထွန်း၊ သထုံခရိုင်ဥက္ကဋ္ဌ ဦးကျော်မြင့်၊ ဘီးလင်းမြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ အတွင်းရေးမှူး ဦးကျော်ဇေယျာမင်း၊ လူငယ်တာဝန်ခံနှင့် မြို့နယ်အရံကော်မတီဝင်များ၊ ရပ်/ကျေးပါတီဝင်တို့မှ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်