တောင်သူလယ်သမားရေးရာ တာဝန်ခံများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

 

မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ယနေ့ ဇူလိုင် ၉ ရက်နေ့ နံနက် ၁၀ နာရီချိန်တွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်တောင်သူလယ်သမားရေးရာ တာဝန်ခံများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးမှ တာဝန်ခံများအနေဖြင့် တောင်သူလယ်သမားများ၏ အခက်အခဲများအား ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန်နှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်တက်သော ရေကြီးမှုပြဿနာများအား ဝိုင်းဝန်းအဖြေရှာ ဆောင်ရွက်ကြရန်နှင့် ဗဟိုပါတီရဲ့ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်တောင်သူလယ်သမားရေးရာတာဝန်ခံမှ ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ပြီး၊ ခရိုင်(၂) ခရိုင်မှ တောင်သူလယ်သမားရေးရာတာဝန်ခံမှ လိုအပ်သည်များအား တင်ပြဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး (၁၀) မြို့နယ်မှ ရေးရာတာဝန်ခံများမှ ဆက်လက်တင်ပြဆွေးနွေးရာ ပြည်နယ်ပါတီအတွင်းရေးမှူးမှ ပြန်ရှင်းဆွေးနွေးခဲ့ပြီး မွန်းလွဲ ၁၂း၁၅ နာရီချိန်တွင် ညှိနှိုင်းအစည်းအဝေး ပြီးမြောက်ခဲ့သည်။