ရွေးကောက်ပွဲကော်မရှင် တရားမျှတခြင်းရှိမရှိ ပြည်ခိုင်ဖြိုးပါတီမှ ကြားဖြတ်ရွေးကောက်ပွဲဝင်၍စောင့်ကြည့်မည်

 

ရန်ကုန် ဇူလိုင် ၅

၂ဝ၁၈ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲတွင်ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသ ကြီးနှင့်ပြည်နယ်အချို့တွင် ရွေး ကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီးပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်တရားမျှတခြင်းရှိ၊မရှိ ကိုလည်း ရွေးကောက်ပွဲဝင်၍စောင့် ကြည့်သွားမည်ဖြစ်ကြောင်းပြည်ခိုင် ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။
”ကျွန်တော်တို့ ကြားဖြတ်ရွေး ကောက်ပွဲဝင်မယ်၊ မဝင်ဘူးဆိုတဲ့ အခုမေးမြန်းချက်ပေါ့နော်။အဲဒီမှာ ကျွန်တော်တို့အနေနဲ့ ရွေးကောက်ပွဲ ဝင်ဖို့ မဝင်ဖို့ကို ကြိမ်ဖန်များစွာ ညှိနှိုင်းအစည်းအဝေးတွေလုပ်ပြီးတဲ့ အခါကျတော့ ကျွန်တော်တို့က ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ကို ယုံကြည်မှုမရှိဘူးဆိုရင် ရွေးကောက်ပွဲဝင်ပြီးတော့ပဲ UEC ရဲ့ ရပ်တည်ချက်ကို ကြည့်မလား (သို့မဟုတ်) ရွေးကောက်ပွဲမဝင်ဘဲ နဲ့ UEC ရဲ့ ရပ်တည်ချက်ကိုကြည့် မလား။ တရားမျှတမှု ရှိ၊ မရှိဆိုတဲ့ အပေါ်မှာ။ ကိုယ်တိုင်ဝင်ပြီး ယှဉ် ပြိုင်ပြီးတော့မှသာလျှင် သင့်တော် မယ်။ မယုံပေမယ့်လည်း ဝင်ယှဉ် ပြိုင်ပြီးတော့ကြည့်မှသာ သင့်တော် မယ်။ အဲဒါမျိုးတစ်ချက်ပေါ့”ဟု ၄င်းကပြောသည်။
ဆက်လက်၍ဦးသိန်းထွန်းဦးက ”နောက်တစ်ချက်က ကျွန်တော်တို့ က UEC ကိုမယုံလို့ မဝင်ဘူးဆိုတဲ့ အနေအထားမှာ ဒေသဆိုင်ရာက အဲဒီကြားဖြတ်ပွဲမှာ ဝင်ပြီးအရွေး ခံမယ့် လစ်လပ်နေတဲ့ မဲဆန္ဒနယ် မှ ပြည်သူတွေကကျတော့ ပြည် ခိုင်ဖြိုးက ကိုယ်စားလှယ်ကို ရွေး ချယ်ချင်ပါတယ်။ ပြည်ခိုင်ဖြိုးကို အားပေးထောက်ခံချင်ပါတယ်။ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ပေါ် ပေါက်စေချင်ပါတယ်ဆိုတဲ့ ဆန္ဒပြု မှုတွေ၊ တောင်းဆိုမှုတွေက ဒေသ ဆိုင်ရာ ပါတီတွေကနေတစ်ဆင့် သိရှိရတဲ့အတွက် ကျွန်တော်တို့က ပြည်သူလူထုကို အလုပ်အကျွေးပြု ချင်လို့ ဒီလိုဝင်ရောက်ရခြင်းဖြစ်ပါ တယ်။ ဒီလို ဝင်ရောက်တဲ့ နေရာ မှာလည်းပဲ ကျွန်တော်တို့ပါတီဟာ ပြည်ထောင်စုပါတီ၊ ဖက်ဒရယ်ကို သွားနေတဲ့အတွက် ဖက်ဒရယ် ပြည်ထောင်စုဆိုတဲ့ဟာမှာ အဲ့ဒီမူ ပေါ်မှာ ပိုမိုပြီးဖြစ်ပေါ်လာနိုင်အောင် ဘာလဲဆိုရင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ပေါ်ပေါက်ဖို့ရာ ထက် တိုင်းရင်းသားပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်ရင် အနိုင်ရရှိ ရေးကိုရည်ရွယ်ပြီးတော့ ပြည်နယ် တွေမှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ် တော်တော်များများကိုတော့ ကျွန် တော်တို့ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့်မို့ ခြုံပြီးပြောရရင် တိုင်းဒေသကြီး တွေမှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ် တွေကို ကျွန်တော်တို့ ဝင်ရောက်ပြီး ယှဉ်ပြိုင်မယ်။ ပြည်နယ်တွေမှာ တချို့ ဒေသခံတိုင်းရင်းသားတွေ ရဲ့တောင်းဆိုမှုအရ ဒေသအချို့ကို ဝင်ရောက်ယှဉ်
ပြိုင်မယ်”ဟု ပြော သည်။
၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာရှိပြီး ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ဝင်ရောက်အရွေးချယ် ခံမည် မဲဆန္ဒနယ်နှင့် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းအမည်စာရင်းကို မကြာမီ ရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းထောက်ကိုနေထက်ဝေ၏ေ မးမြန်းချက်ကို ယခုလို ဖြေကြားလိုက်တာပါ။ နေထက်ဝေ

Crd The Union Daily