ကုလ နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း မြန်မာသံအမတ်ကြီး ပြောကြား

မြန်မာနိုင်ငံကနေ ဘင်္ဂလာဒေ့ရ်နိုင်ငံ ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကို ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရခြင်းဟာ ပြည်ပဖိအားတွေကြောင့် မဟုတ်ပဲ လုပ်ငန်းအစဉ်ပြေချောမွေ စေရေးအတွက်ဖြစ်ပါတယ်။ တပြိုင်နက်မှာ မိမိတို့ နိုင်ငံရဲ့ အချုပ်အချာအာဏာနဲ့ အမျိုးသား အကျိုးစီးပွားကို မထိခိုက်အောင်ဆောင်ရွက်နေတာဖြစ်တယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးဟောက်ဒိုဆွန်းက ပြောပါတယ်။

ဒုက္ခသည်များပြန်လည်လက်ခံရေးအတွက် ဘင်္ဂလာဒေ့ရ်နိုင်ငံနဲ့ နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုး ထားသလို ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၊ ကုလသမဂ္ဂဖွံဖြိုးရေး အစီအစဉ် UNDP တို့နဲ့ အကြို သဘောတူညီချက်ရရှိပြီးဖြစ်ပါတယ်။ အခုလိုကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်တာနဲ့ ပတ်သက်ပြီး သံအမတ်ကြီး ဦးဟောက်ဒိုဆွန်းက “ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ပြီး လုပ်နေတယ်ဆိုတာဟာ ကျနော်တို့က ဖိအားကြောင့် လုပ်တာမဟုတ်ဘူး။ ပြဿနာပြေလည်အောင်လုပ်တာပေါ့နော် ပြဿနာ အဖြေကို လိုချင်တယ်။ ဒီအဖြေကို ရအောင် ရတဲ့ နည်းလမ်းနဲ့ လုပ်တယ်တဲ့နေရာမှာ လည်း ကိုယ်နိုင်ငံရဲ့ အချုပ် အချာ အာဏာ မထိပါးရေးကိုယ့်ရဲ့ အမျိုးသား အကျိုးစီးပွားကို မထိခိုက်ရေးကို အဓိကဦးတည်ပြီးတော့ ကျနော်တို့ လုပ်နေတာ ပါ ”လို့ပြောပါတယ်။

တဆက်တည်းမှာပဲ အခုဆောင်ရွက်တဲ့လုပ်ငန်းဟာ ဒုက္ခသည်ပြန်လည်လက်ခံရေးဖြစ်တာကြောင့် UNHCR အဖွဲ့ဟာ အရေးပါသလို ဒုက္ခသည်ကို လက်ခံပြီးနောက်ပိုင်း သူတို့ရေရှည်နေထိုင် စားသောက်ရေးအတွက် လတ်တလောရရှိတဲ့ အကူအညီ တခုတည်းပေါ်မှာ မှီခိုနေတာမျိုးမဟုတ်ဘဲ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ UNDP က သင်တန်းတွေ၊ တခြားအကူအညီတွေေ ပးနိုင်တယ်လို့ ဆိုပါတယ်။ ဒ့ါအပြင် ပြီးခဲ့တဲ့ အပတ်အတွင်း သမ္မတရုံးက ထုတ်ပြန်တဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းမယ့်ကိစ္စနဲ့ပတ်သက်ပြီး အဲဒီအဖွဲ့မှာ ပါဝင်မယ့် ပုဂ္ဂိုလ်ဆိုတာဟာ နိုင်ငံတကာကလက်ခံမဲ့ သမာသမတ်ကျတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်တယ်လို့သူက ပြောပါတယ်။ တဆက်တည်းမှာပဲ ဒုက္ခသည်တွေပြန်လည်လက်ခံရေးကိစ္စမှာ ဘင်္ဂလာဒေ့ရှ်ဘက်က ပေးပို့တဲ့ လူ၈၀၀၀ စာရင်းနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ တခြားလူ ၁၀၀၀ကျော်ကို လက်ခံဖို့ မြန်မာဖက်က စာရင်းပေးထားတယ်ဆို တာနဲ့ ပတ်သက်ပြီး သံအမတ်ကြီးက “ အဲဒါ ကျနော်တို့ နဂိုကထဲက ပို့ထားတဲ့ စာရင်းပါ။ သူတို့ကိုပို့ ထားတာလေ ၈၀၀၀ ကျော် မတိုင်ခင်ကထဲက စာရင်း၊ ပြန်လာချင်တယ်ဆိုတာကို ပြောလို့ ဟိန္ဒူတွေဘက်က အိန္ဒိယသံရုံးဘက်က တဆင့် ဆက်သွယ်ပြီးတော့ ပြောလို့ ၊ ဒီဘက်မှာလည်းစစ်ဆေးတဲ့ အခါကြတော့လည်း မှန်တယ်၊ စစ်ဆေး အတည်ပြုပြီးတော့ ပြန်ပို့ပေးပါသူတို့ကို လက်ခံနိုင်တယ်ဆိုပြီးကျနော်တို့ကပြောတာလေ၊ ဒီဘက်မှာ စာရင်း ရှိတယ် သူတို့ မိသားစုတွေလည်းရှိတယ်” လို့ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို မြန်မာအာဏာပိုင်တွေ စောစီးစွာ ပေးအပ်ခဲ့တဲ့ အဲ့ဒီလူစာရင်းမှာ ဟိန္ဒူ ၄၄၄ ဦးနဲ့ မှုစလင် ၇၇၈ဦး စုစုပေါင်း လူ ၁၂၂၂ ဦးပါဝင်ပါတယ်။ တဆက်တည်းမှာပဲ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဟောက်ဒိုဆွန်းက မိမိတို့အစိုးရရဲ့မှန်မှန်ကန်ကန် လုပ်ကိုင်ဆောင်ရွက်မှုတွေကြောင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအမြင်တွေ တနေ့တခြား ပိုမိုတိုးတက်ကောင်းမွန် လာနေေ ကြာင်း လည်း ပြောကြားခဲ့ပါတယ်။

RFA Burmese