Pllicer Tero အသင်းမှာ သွင်းဂိုး(၇)ဂိုးနဲ့ အကောင်းဆုံးကစား သမားဆု၎ကြိမ်အထိ ရရှိထားခဲ့ပြီ ဖြစ်တဲ့ အောင်သူ

တိုယိုတာထိုင်းလိဂ်ပွဲစဉ် တွေကို ယမန်နေ့က ဆက်လက် ကစားသွားခဲ့ရာမှာ အောင်သူ ပါဝင်နေတဲ့ Police Tero က ပတ္တယား ယူနိုက်တက်အသင်းကို ၃-၁ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

ဒီပွဲမှာ အိမ်ရှင် Police Tero အသင်းက ဦးဆောင်ဂိုးသွင်းယူ နိင်ခဲ့ပေမယ့် ပတ္တယား အသင်း က ၂ဂိုးသွင်းယူခဲ့လို့ နောက်ကနေ လိုက်ကစားခဲ့ရပါတယ်။

ဒါပေမယ့် ပွဲချိန် ၆၁မိနစ်မှာ ပတ္တယားအသင်းဘက်က ကစား သမားတဦးတိုက်ရိုက်အနီနဲ့ ထုတ်ပယ်ခံခဲ့ရလို့ Police Tero အသင်းပြန်ဖိအားပေးလာနိုင်ခဲ့ပြီး ပွဲချိန် ၈၂မိနစ်မှာ အောင်သူက ချေပဂိုးနဲ့ ပွဲချိန် မိနစ်၉၀မှာ တိုဆာခရိုင် ကအနိုင်ဂိုးသွင်းယူ ပေးခဲ့လို့ သုံးမှတ်ပြည့်ရရှိသွား ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပြီးသွင်းဂိုး တဂိုးသွင်းယူနိုင်ခဲ့တဲ့ အောင်သူ ဟာ ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

ဒါဟာ အောင်သူအတွက် ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကို ၄ကြိမြောက်အဖြစ်ရရှိတာ လည်းဖြစ်ပါတယ်။ Police Tero အသင်းအတွက် ပုံစံကောင်းဆက်တိုက်ပြသနေတဲ့ အောင်သူဟာ ထိုင်းပရီးမီးယား လိဂ်အသင်းတွေရဲ့ နောက်ခံကစား သမားတွေကြားမှာသတိထား ရမယ့်သူအဖြစ်ပိုမိုကျော်ကြား လာနေပြီး နောက်ပိုင်းပွဲချိန်တွေမှာ ပြစ်ဒဏ်ကျူးလွန်မှုတွေ မကြာ ခဏခံနေရလို့ ဒဏ်ရာပြသနာ ကြီးကြီးမားမား ကြုံတွေ့သွားမှာကို မြန်မာဘောလုံးအသိုင်းအဝိုင်းနဲ့ ပရိသတ်တွေက စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်။

Sports Myanmar