လသာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များတာဝန်ပေးအပ်ပွဲ ဗဟိုကော်မတီဝင်များတက်ရောက်

 

ရန်ကုန် ဧပြီ ၁

ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် ပြည်ခိုင် ဖြိုးပါတီကော်မတီရုံးတွင် ယနေ့မွန်းလွဲ ၃နာရီက ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ တာဝန် ပေးအပ်ပွဲအခမ်းအနားကျင်းပကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုကော်မတီဝင်များဖြစ်ကြ သော ဦးတင်လှိုင်၊ ဦးတင်ဝင်း၊ ဒေါ်သင်းသင်းမိုး၊ ဦးနေလင်း၊ ခရိုင် ပါတီဥက္ကဋ္ဌ ဦးနေဝင်းနှင့် ခရိုင် ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင် ဟုတ်စိန်နှင့်မြို့နယ်ကော်မတီဝင်များ၊ရပ်ကွက်ပါတီ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

အစီအစဉ်အရနယ်မြေတာဝန်ခံဗဟိုကော်မတီဝင် ဒေါ်သင်းသင်းမိုးနှင့် ဗဟိုကော်မတီဝင်ဦးနေလင်း တို့က နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီဝင် ဦးတင်လှိုင်က ရပ်စည်းအမှုဆောင်မှ ရပ်ကွက်ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ပြောင်းလဲပေးအပ်ရခြင်းအကြောင်းကို ရှင်း လင်းပြောကြားသည်။

ထို့နောက်တာဝန်ရှိသူများမှရပ်ကွက်ပါတီဥက္ကဋ္ဌ များအား တာဝန်ရှိသူများမှ တာဝန်ပေးအပ်လွှာ များပေးအပ်ခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)