တာမွေမြို့နယ်ပြည်ခိုင်ဖြိုး လူငယ်နှင့်အားကစားစကားဝိုင်းသို့ ပါတီဗဟိုကော်မတီဝင်တက်ရောက်အားပေး

 

ရန်ကုန် ဧပြီ ၁

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်မှ ဦးဆောင်ပြီး လူငယ်နှင့်အားကစားစကားဝိုင်းကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမတွင် မတ် ၃၁ ရက် ညနေပိုင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ဒေါ်လဲ့လဲ့ဝင်းဆွေက အမှာစကားပြောကြားရာ ယနေ့ကျင်းပသော စကားဝိုင်းကိုသိလိုက်ရသည့်အတွက် များစွာဝမ်းသာမိပါကြောင်း၊ နောင်တွင် လည်း ယခုလိုစကားဝိုင်းမျိုးထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြော ကြားသွားသည်။ ထို့နောက် မြို့နယ်ကော်မတီဝင်များ၊ လူငယ်အမာခံများဖြစ်ကြသောဦးအောင်သက် ဟန်၊ ဒေါ်နှင်းသီတာမင်း၊ ဒေါ်သစ်သစ်ဟန်နီထူး၊ ဒေါ်လှယမင်းဦး၊ ဦးကိုကိုဦး၊ ဦးဇော်လွင်ထွန်း၊ ဒေါ်သူဇာ၊ ဒေါ်ယုဝေလွင်၊ ဒေါ်ဖူးပွင့်အောင်စိုး၊ ဒေါ်သီတာလွင်တို့က လူငယ်နှင့်အားကစားခေါင်း စဉ်ဖြင့် ဆွေးနွေးကြပြီး ဆွေးနွေးချက်အနှစ်အခ်ကို ဦးအောင်သက်ဟန်က ပြန်လည်ဆွေးနွေးတင် ပြသည်။

အခမ်းအနားသို့ တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက် များမှဥက္ကဋ္ဌများနှင့်ကော်မတီဝင်များ၊ ပြည်ခိုင်ဖြိုးပါတီလူငယ်များနှင့် မြို့နယ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဇော်ထွန်း