လွိုင်ကော်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နွားလ၀ိုးကျေးရွာအုပ်စု ပဒါးညေးရွာပါတီဝင်တွေ့ဆုံပွဲနှင့် ချိကယ်ကျေးရွာအုပ်စု လွယ်တမူရွာအ၀င်အထွက် ဆိုင်းဘုတ်အတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း

 

လွိုင်ကော်မြို့၊ မတ်လ ၂၆

ယနေ့(၂၆-၃-၂၀၁၈)ရက်နေ့နံနက်(၁၀း၀၀)နာရီ အချိန်တွင် လွိုင်ကော်မြို့ နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နွားလ၀ိုးကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပါတီဝင်များနှင့် သွားရောက်တွေ့ဆုံ ပါသည်။
ယင်းတွေ့ဆုံရာတွင် ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီ ၀င်(လွိုင်ကော်မြို့နယ်တာဝန်ခံ)ဦးကျော်သင်း၊ လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဦးမောင်ရွှေ၊ အတွင်းရေးမှူး ဦးကူးရယ်နှင့် မြို့နယ်ကော်မတီ ၀င်တို့က ပြည်ခိုင်ဖြိုးပါတီ ရှေ့ဆက် လက်လုပ်ဆောင်ရမည့် ပါတီလုပ်ငန်းစဉ်များ၊ ရည်ရွယ် ချက်များ၊ ပါတီမူဝါဒများ၊ ပါတီဝင်များ သိသင့်သိ အပ်သော အကြောင်း အရာများ၊ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး အစရှိသောကိစ္စ ရပ်များအား အကျယ်တ၀င့် ဆွေးနွေးသွားပြီး ပါတီဝင်လက်ထဲသို့ ပြည်ခိုင်ဖြိုး ပါတီမှထုတ်ဝေ သောသတင်းစာများ၊ ဂျာနယ်များ ပေးအပ်ဝေငှသွားကာ ကျောင်း ထိုင်ဆရာတော်အား န၀ကမ္မအလှူငွေပေးအပ် လှူဒါန်းသွားပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီ ၀င်(လွိုင်ကော်မြို့နယ်တာဝန်ခံ)ဦးကျော်သင်း၊ လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဦးမောင်ရွှေ၊ အတွင်းရေးမှူး ဦးကူးရယ်နှင့် မြို့နယ်ကော်မတီများ ပဒါးညေး ရွာရှိပါတီဝင်ရပ်မိရပ်ဖများ၊ အမျိုးသမီးများနှင့်လူငယ်များ စုစုပေါင်း အင်အား (၁၅၀)ဦးတက် ရောက်ကာ တွေ့ဆုံပွဲကို နံနက်(၁၁း၅၀) နာရီတွင် ပြီးစီးပါသည်။
ဆက်လက်ပြီး နေ့လည်(၁း၀၀)နာရီတွင် ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင်၊ ဗမာတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးလှမျိုးဆွေ၊ လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးမောင်ရွှေနှင့် မြို့နယ်ကော်မတီဝင် ဦးမင်းဇော်ဦးတို့သည် ချိကယ်ကျေးရွာအုပ်စုလွယ်တမူကျေးရွာ ရွာအဝင်အထွက် ဆိုင်းဘုတ်ပြုလုပ်ရန်အတွက် အလှူငွေကျပ်(၁၆၀၀၀၀ိ/-) သွားရောက်ပေးအပ် လှူဒါန်းကာ ပြည်သူများနဲ့တွေ့ဆုံခဲ့ပါကြောင်း လွယ်တမူကျေးရွာရှိပါတီဝင်များ ရပ်မိရပ်ဖများစုစုပေါင်း အင်အား(၆၀)ဦးတက်ရောက်ပါကြောင်း သတင်းရရှိသည်။

လမင်း ချစ်သူ