ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ ရန်ကုန် (တောင်ပိုင်း) ခရိုင် တာဝန်ခံများနှင့် တွေ့ဆုံ

ရန်ကုန် မတ် ၂၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်သည် ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး (တောင်ပိုင်း) ခရိုင် ပါတီရုံး၌ တောင်သူ လယ်သမားရေးရာတာဝန်ခံများနှင့် တွေ့ဆုံခဲ့သည်။ ၄င်းတွေ့ဆုံပွဲကို အစီအစဉ်ကိုးရပ်ဖြင့် ကျင်းပခဲ့ရာ ဗဟို အလုပ်အမှုဆောင် ဦးအောင်တင်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးခင်မောင်တင့်က တိုင်းဒေသကြီး အတွင်း လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် (တောင်ပိုင်း) ခရိုင်ဥက္ကဋ္ဌ ဦးလွင်ဦး၊ (တောင်ပိုင်း) ခရိုင်တာဝန်ခံ ဦးဝင်းထွန်းနိုင်နှင့် မြို့နယ် တာဝန်ခံများမှ မိမိတို့ဒေသအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို ဗဟိုကော်မတီဝင်အား အသီးသီးတင်ပြခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်များမှ တင်ပြချက်များကို ဗဟိုကော်မတီဝင် ဦးအောင်ကျော်ညွန့်က ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး တွေ့ဆုံပွဲကို မွန်းလွဲ ၁၂ နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဝင်းမြင့်ဦး