ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များ မှော်ဘီမြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင် မှော်ဘီမြို့နယ် ဝါးနက် ချောင်း(စံပြ)ကျေးရွာတွင် ယနေ့ နံနက် ၁ဝ နာရီခွဲက ပြည်ခိုင်ဖြိုး ပါတီဗဟိုအတွင်းရေးမှူးဒေါက်တာ စန်းစန်းနွယ်၊ ဗဟိုအလုပ်အမှု ဆောင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးခင်ရီ၊ ဗဟိုအလုပ်အမှု ဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့်အဖွဲ့သည်မှော်ဘီ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနား သို့ ရန်ကုန်တိုင်းဒေသကြီး ပါတီ အတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးသာဝင်းနှင့်ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီးပါတီကော်မတီဝင် များ၊ ခရိုင်ပါတီ ဥက္ကဋ္ဌနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌနှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာ ၄၃ အုပ်စုမှ ပါတီဥက္ကဋ္ဌများနှင့် ပါတီဝင်အင်အား ၅ဝဝ ခန့်တက် ရောက်ကြသည်။ အစီအစဉ်အရ ဗဟို အလုပ်အမှုဆောင် တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌဦးခင်မောင်စိုးက ပါတီဝင်များနှင့်လာရောက် တွေ့ဆုံရခြင်းအကြောင်းနှင့် ပါတီသည် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားသည့်ပါတီဖြစ်ပြီး ပြည်ထောင်စုကြီးကိုကာကွယ် စောင့် ရှောက်ရန်အတွက် ဖွဲ့စည်းထားသည့်ပါတီဖြစ်ကြောင်း ပြောကြား သည်။

ထို့နောက် ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီ တာဝန်ခံဦးခင်ရီက နိုင်ငံ၏လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊တရား ဥပဒေစိုးမိုးရေးအခြေအနေများကိုရှင်းလင်းဆွေးနွေးပြီး မှော်ဘီ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးလှဦးက မြို့နယ်၏ဆောင်ရွက်ထားရှိမှုများ ကိုတင်ပြပြီး ဝါးနက်ချောင်းစံပြကျေးရွာပါတီဥက္ကဋ္ဌက ပါတီ အောင်နိုင်ရေး လုပ်ငန်းအတွက် ဆောင်ရွက်ထားမှုများကိုတင်ပြပြီး တွေ့ဆုံပွဲ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထိန်းဝင်း(YGN)