တာချီလိတ် ပြည်ခိုင်ဖြိုးပါတီမှ ဥက္ကဋ္ဌ (ဖလား) အပျော်တမ်းခြင်းလုံးပြိုင်ပွဲ ကျင်းပခြင်း

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်နှင့် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ ခရိုင်/မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ (ဖလား) အပျော်တမ်းခြင်းလုံးပြိုင်ပွဲကို တာချီလိတ်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးဝင်းတွင် အသင်း (၉) သင်း ၀င်ရောက် ယှဉ်ပြိုင်ပြီး ယနေ့ (၁၄ – ၁၂- ၂၀၁၇ ) ရက်နေ့မှ စတင်ယှဉ်ပြိုင်ကစားကြပါသည်။

ယနေ့ပြိုင်ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ွဖွံ့ဖြိုးရေး၏ပါတီ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းနှင့် ပါတီ အမျိုးသမီးအဖွဲ့များ၊ ခရိုင်ပါတီဥက္ကဌ ဦးဘိုစံ၊ ခရိုင်/မြို့နယ်ကော်မတီဝင်များ ၊ ပါတီလူငယ်များက ကြည့်ရှူ အားပေးခဲ့ပါသည်။
ပြည်ခိုင်ပါတီမှ ကျင်းပပြုလုပ်သည့် အပျော်တမ်းပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့(၁၄-၁၂-၂၀၁၇) ရက်နေ့မှ (၁၇-၁၂-၂၀၁၇) ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည့်ဖြစ်ကြောင်း သိရှိရပါသည်။