ပါတီဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီဥက္ကဌ မြို့နယ်ပါတီဥက္ကဌ၊ ကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများ နှင့် တွေ့ဆုံ

ဒီဇင်ဘာ(၇)

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ယနေ့ ဒီဇင်ဘာလ (၇) ရက်နေ့ နံနက် (၁၁း၀၀) နာရီချိန်တွင် ဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီဥက္ကဌ ဦးအောင်ကြည်သိန်းနှင့် မြို့နယ်ပါတီ ဥက္ကဌ၊ အတွင်းရေးမှူး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်၊ကျေးစည်းမှူးများ တွေ့ဆုံခဲ့သည်။

ပြည်နယ်ပါတီဥက္ကဌမှာ ဗဟိုပါတီရဲ့ လမ်းညွန့်မှုများ၊ ရှေ့ဆက်လုပ်ဆောင်ရမည့် ကိစ္စရပ်များအား ချပြဆွေးနွေး ရာ တက်ရောက်လာကြသူများမှာ မိမိမြို့နယ်ရဲ့ ပကတိအခြေအနေများ၊ ရပ်ကွက်၊ ကျေးရွာမှ အခြေအနေမှန် များနှင့် သိရှိလိုသည်များအား ရင်းနှီးပွင့်လင်းစွာ တင်ပြမေးမြန်းဆွေးနွေးခဲ့ရာ ပြည်နယ်ပါတီဥက္ကဌမှ ပြန်လည် ရှင်းဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲကို ဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီဥက္ကဌ ဦးအောင်ကြည်သိန်း၊ မော်လမြိုင်ခရိုင်ပါတီ ဥက္ကဌ ဦးစိုးထွန်း၊ ခရိုင်ကော်မတီဝင် ဦးမိုးဝင်း၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုးနိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်၊ကျေးစည်းမှူးများ တက်ရောက်ခဲ့ကြပြီး မွန်းလွဲ (၀၁း၃၀) နာရီချိန်တွင် တွေ့ဆုံပွဲပြီးမြှောက်ခဲ့သည်။

 #admin_team