ပြည်ခိုင်ဖြိုးပါတီမှ (၃၈) ကြိမ်မြောက် ကချင်ပြည်နယ်လုံးဆိုင်ရာ ဝိနယသဒ္ဓမ္မပါလ စာမေးပွဲစာအောင်သံဃာတော်များကို ဆွမ်းဆန်စိမ်း လောင်းလှူ

မိုးကောင်း နိုဝင်ဘာ ၁၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့တွင် ပြုလုပ်ကျင်းပသည့် နိုဝင်ဘာ ၁၅ ရက်နေ့ ညနေ ၂း၃၀ နာရီအချိန်တွင် (၃၈) ကြိမ်မြောက် ကချင်ပြည်နယ်လုံးဆိုင်ရာ ဝိနယသဒ္ဓမ္မပါလ စာမေးပွဲစာအောင် သံဃာ တော်များနှင့် ဥသျှောင်ဆရာတော်ကြီးများကို မိုးကောင်းမြို့ရှိ ဌာနပေါင်းစုံ၊ ရပ်ကွက်ပေါင်းစုံ၊ ကျေးရွာပေါင်းစုံများနှင့်အတူ မိုးကောင်းမြို့ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ဥက္ကဌ ဦးထွန်းထွန်းအောင်နှင့် မြို့နယ်ကော်မတီဝင်များ၊ စည်းရုံးရေးတာဝန်ခံများ၊
အင်အား ၂၀ဦး ဖြင့် ဆရာတော်ကြီးများနှင့် စာဖြေသံဃာတော်များ သံဃာတော်ပေါင်း ၃၀၀ ကျော်ကို ဌာနပေါင်းစုံ၊ ရပ်ကွက်ပေါင်းစုံ၊ ကျေးရွာပေါင်းစုံများနှင့်အတူ ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြောင်းသိရပါ သည်။