ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်း ရေးမှူးဦးတင်အောင်ချစ် အောင်လံ မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင် အောင်ချစ်သည် မကွေးတိုင်းဒေသ ကြီး သရက်ခရိုင် အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်ပါတီ ကော်မတီဝင်များလိုက်ပါလျက် ယမန် နေ့မွန်းလွဲ ၁ နာရီက အောင်လံမြို့နယ် ဒုရင်္ဂဗိုလ်အခြေစိုက် မြင်းကပိုင်ကျေး ရွာမှ ရွာဦးကျောင်းဆရာတော်အား ဖူးမြော်  ကြည်ညိုပြီး နဝကမ္မသုံးစွဲရန် အလှူငွေများလှူဒါန်းကာ ပါတီဝင်များနှင့်တွေ့ဆုံခဲ့ကြောင်း သိရ သည်။ ထိုသို့တွေ့ဆုံရာတွင် ယနေ့နိုင်ငံရေးအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေကျပ် ၁၅ဝဝဝဝ ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ထို့နောက် မွန်းလွဲ ၃ နာရီတွင် အောင်လံမြို့နယ် ဒုရင်္ဂဗိုလ်အခြေ စိုက်ကျောက်စွယ်ကျိုးကျေးရွာသို့ရောက်ရှိပြီး ပါတီဝင်များဖြင့်တွေ့ဆုံ ကာ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေကျပ် ၁၅ဝဝဝဝ ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သက်ချို(အောင်လံ)