မြင်းခြံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပ

 

မြင်းခြံ သြဂုတ် ၁၂

မြင်းခြံမြို့နယ် ထနောင်းတိုင်အုပ်စု ထနောင်းတိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ် စိုက်ထူပွဲကို ယနေ့ကျင်းပခဲ့သည်။ ထို့နောက် ယင်း ကျေးရွာအုပ်စုရှိ ပါတီဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီး ပါတီကော်မတီဝင် ခရိုင် နယ်မြေတာဝန်ခံဦးမြတ်သူနှင့် မြင်းခြံခရိုင်ပါတီ ဥက္ကဋ္ဌဦးကျော်တင်တို့က ပါတီ၏ရှေ့ဆက်လက်လုပ်ဆောင် မည့်လုပ်ငန်းစဉ်များရှင်းလင်းပြောကြားခဲ့ကြသည်။

မျိုးကို (မြင်းခြံ)