ပါတီဗဟိုအတွင်းရေးမှူးဦးသန်းထွန်းခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ချစ်ကြည်ရေးခရီးသွားရောက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းခေါင်းဆောင်သော တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပါတီဝင်စုစုပေါင်း ၂၁ ဦးတို့သည် ယနေ့မွန်းလွဲ ၃နာရီ ၅၅ မိနစ်ခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာသွားကြောင်းသိရသည်။
ယင်းချစ်ကြည်ရေးအဖွဲ့သည် ကူမင်းမြို့၊ ဝူဟန်မြို့၊ ဒါလျန်းမြို့နှင့်ပေကျင်းမြို့များသို့ ၁ဝရက်ကြာသွားရောက်လေ့လာမည်ဖြစ်ပြီး ယခုလ ၂၇ ရက်တွင် လေကြောင်းဖြင့်ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ် ကြောင်း သိရသည်။