ရန်ကုန်-ဟိုချီမင်း လေကြောင်းခရီးစဉ် သင်္ကြန်ကာလအတွင်း အထူးဈေးနှုန်းဖြင့် ရောင်းချမည်

ဈေးနှုန်းသက်သာသောနိုင်ငံတကာ လေကြောင်းလိုင်း တစ်ခုဖြစ်သည့် vietjet လေကြောင်းလိုင်းက သင်္ကြန်ပိတ်ရက်များအတွင်း ရန်ကုန်-ဟိုချီမင်း လေကြောင်းခရီးစဉ်ကို အထူးနှုန်းဖြင့် ရောင်းချမည် ဖြစ်ကြောင်း သတင်းရရှိသည်။

သင်္ကြန် ပိတ်ရက်များအ တွင်း ဗီယက်နမ်နိုင်ငံသို့ သွား ရောက်မည့် မြန်မာနိုင်ငံသားများ အဆင်ပြေစေရန် ဈေးနှုန်းများလျှော့ချ ရောင်းချခြင်းဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းက ထုတ်ပြန်သည်။

ယင်းလေကြောင်းလိုင်းမှ လေယာဉ်စီးနင်းခပေးဆောင်ရန် မလိုဘဲ လေယာဉ်စီးနင်းရာတွင် သတ်မှတ်သည့် အခွန်အခများနှင့် ပစ္စည်းများအတွက် တန်ဆာခ (ကီလို)အစရှိသည့် အဖိုးအခများကိုသာ ပေးဆောင်     ရမည်ဖြစ်သည်။

အဆိုပါ အခွန်အခများအ တွက် ကုန်ကျစရိတ်သည်  အသွား၊အပြန် ခရီးစဉ်အတွက် အမေရိ ကန်ဒေါ်လာ ၆၀ မှ ၁၀၀ ခန့်သာ ကျသင့်နိုင်ကြောင်း vietjet လေ ကြောင်းလိုင်း၏ အင်တာနက် ဝက်ဘ်ဆိုက်တွင် ဖော်ပြထား သည်။ ဈေးနှုန်းလျှော့ချ၍ ရောင်းချသည့် လေယာဉ်လက်မှတ်များကို နံနက် ၁၁ နာရီခွဲမှ မွန်းလွဲ ၁ နာရီခွဲအတွင်း www.vietjetair.com တွင်လည်းကောင်း၊ လေယာဉ်သတ်မှတ် အရောင်းကောင်တာ များတွင်လည်းကောင်း ဝယ်ယူနိုင်ကြောင်း သိရသည်။

# 7 Day Daily