ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးနှင့်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ

 

ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်း ရေးမှူး ဒေါက်တာကျော်ကျော်ဌေး
ခေါင်းဆောင်သော အဖွဲ့ဝင် ၂၁ ဦးပါ ပါတီကိုယ်စားလှယ်အဖွဲ့ သည် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ယခုလ၁၄ရက် မွန်းလွဲပိုင်းက တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး ယနေ့ညနေပိုင်း တွင် China Eastern Airline ဖြင့် နေပြည်တော်လေဆိပ်သို့ ပြန်လည် ရောက်ရှိခဲ့သည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့ အား ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်း ရေးမှူး ဦးတင်အောင်ချစ်၊ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် များဖြစ်ကြသည့် ဦးသူရိန်ဇော်၊ ဦးအောင်တင်မြင့်နှင့် တာဝန်ရှိသူ တို့က နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် သွားရောက် ကြိုဆိုခဲ့ကြောင်း သိရသည်။

Union daily