ဆိပ်ကမ်းနှင့် ကျောက်တံတားပြည်ခိုင်ဖြိုး မဲဆန္ဒရှင်များနှင့်တွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ် မော်တင်ရပ်ကွက်တွင် ယမန်နေ့ နံနက်က ဆိပ်ကမ်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များပူးပေါင်း၍ မော်တော်ယာဉ် များဖြင့် စီတန်း၍ သွားရောက် ကြကာ တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးခဲ့ကြသည်။

 

မဲဆွယ်စည်းရုံးရေးခရီးစဉ်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်အေးနှင့်အတူ ရန်ကုန်အနောက်ပိုင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးနေဝင်းနှင့် ခရိုင် ပါတီကော်မတီဝင်များ၊ ဆိပ်ကမ်းမြို့နယ်ပါတီ ဥက္ကဋ္ဌနှင့် ဆိပ်ကမ်းနှင့် ကျောက်တံတားမြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်စည်းအမှုဆောင်များ ပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စည်သူ(ကျောက်တံတား)