အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ကြည့်မြင်တိုင်မြို့နယ်တွင် ပြည်သူများနှင့် တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဝင်ရောက်ရွေးချယ်ခံမည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်အေးသည် ဖေဖော်ဝါရီ (၈) ရက် မွန်းတည့် ၁၂ နာရီက ဆေးငြိမ်း ရပ်ကွက်တွင် မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံစည်းရုံးခဲ့သည်။

ယင်းသို့ မဲဆွယ်စည်းရုံးရေးဆင်းရာတွင် ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ဘဏ္ဍာရေးမှူး ဦးမိုးဝင်းကျော်၊ ခရိုင်ကော်မတီဝင် ဒေါ်အိအိလှိုင်၊ ကြည့်မြင်တိုင်မြို့နယ် ပါတီကော်မတီဝင်များ၊ စမ်းချောင်းမြို့နယ်မှ မြို့နယ်ပါတီကော်မတီဝင်များမှ ပူးပေါင်း လုပ်အားပေးခဲ့ကြကြောင်း သိရသည်။

ထိန်ဝင်း(ကြည့်မြင်တိုင်)