ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမိတ်ဆက်

 

အမည်… … – ဦးကျော်ဇင်ဟိန်း
ပါတီ… … – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း … – B.A (Business Science )
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် – ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်
.
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ဇင်ဟိန်း၏ ကိုယ်ရေးအကျဉ်း
******************************************
၂၈-၈-၁၉၇၉ခုနှစ်တွင် ဖခင်ဦးကျော်ဌေး- မိခင် ဒေါ်ဆောင်းတို့မှ ကော့မှူးမြို့နယ်တွင် မွေးဖွားခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ကော့မှူးမြို့နယ် အမကပြည်တော်သာတွင် သူငယ်တန်း စတင်တက်ရောက်ခဲ့ပြီး ၁၉၈၆ခုနှစ်တွင် ဒုတိယတန်းအထိ တက်ရောက်ခဲ့ပါသည်။
၁၉၈၇ မှ ၁၉၉၁ထိ ဒုတိယတန်းမှ စတုတ္ထတန်း(အမက ဝက်တန်း)ဟင်္သာတမြို့။
၁၉၉၂ မှ ၁၉၉၅ ထိ ပဉ္စမတန်းမှ ဆဋ္ဌမတန်း(အလက(၃) ဟင်္သာတမြို့)။
၁၉၉၆မှ ၁၉၉၇ ထိ နဝမတန်းမှ ဒသမတန်း (အ.ထ.က(၁)ဟင်္သာတမြို့)။
၁၉၉၈ မှ ၂ဝဝ၁ ထိ ရန်ကုန်သမဝါယမဒီဂရီကော လိပ်(သန်လျင်)မှ ကျောင်းပြီး၍
B.A(Business Science) ဘွဲ့ကို ရရှိခဲ့ပါသည်။
ဇနီးဖြစ်သူမှာ ဒေါ်နှင်းချယ်ရီမင်း (B.A, Eco) ဖြစ်ပါသည်။

ပြည်သူအတွက်ဆောင်ရွက်ချက်
*******************************
* ၂ဝဝ၈ခုနှစ် နာဂစ်ကာလတွင် ကော့မှူးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး အခြားဒေသမှအလှူရှင်များရှာ၍လည်း မိမိဒေသအတွက် လှူဒါန်းပးနိုင်ခဲ့ပါသည်။
* ၂ဝ၁ဝမှ ၂ဝ၁၅ခုနှစ်အတွင်း မိမိတို့အာဏာရပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ၏ ဒေသ ဖွံ့ဖြိုးရေးဆောင်ရွက်မှုများတွင်လည်း အားကြိုးမာန်တက်ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
* ၂ဝ၁ဝ တွင် အဘ ဦးစိုးတင့်နှင့်အတူပူးပေါင်း၍ ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာအများစု တွင် ကွန်ကရစ်လမ်းအချို့ခင်းပေးနိုင်ခဲ့ပါသည်။
* နွေရာသီ သောက်သုံးရေရှားပါးသော ကျေးရွာအချို့သို့ သောက်သုံးရေများ သွားရောက် လှူဒါန်းရာတွင် ဦးဆောင်ဆောင်ရွက်ခဲ့ပါသည်။
* ၂ဝ၁၆ ဖေဖော်ဝါရီ တတိယပတ်ခန့်တွင် ကညင်ငူ ထ(ခွဲ)အတွက် ၉ဝ’x၃ဝ”x၁၅’ ကျောင်း ဆောင်တစ်ဆောင်နှင့် အမကတာတိုက်ကျေးရွာအတွက် ၆ဝ’x၃ဝ’x၁၅’ ကျောင်းဆောင်တစ်ဆောင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် အဘဦးမြင့်ဆွေ ထံမှ တင်ပြတောင်းခံနိုင်ခဲ့ပါသည်။
* ၂ဝ၁၆ခုနှစ် မိုးတွင်းကာလတွင် ရေကြီးနစ်မြုပ်ဖြစ်ခဲ့သော ကော့မှူးမြို့နယ် အနောက်ခြမ်းဒသမှ ကညင်ငူကျေးရွာနှင့် ရှာဘွားကျေးရွာသို့ မြို့နယ်ပါတီအနေဖြင့် တတ်နိုင်သလောက် သွားရောက် လှူဒါန်းမှုပြုနိုင်ခဲ့ပါသည်။
* တာတိုက်ကျေးရွာ (ကော့မှူးအရှေ့ခြမ်း)ရွာအဝင် တံတားပျက်စီးနေမှုအား ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် အဘဦးမြင့်ဆွေထံတွင် တင်ပြတောင်း ခံခဲ့ပြီး နောက်အစိုးရ၏ဆောင် ရွက်ရန် ဦးစားပေးလျာထား စာရင်းတွင် ပါဝင်နိုင်ရန် ကြိုးစားနိုင်ခဲ့ပါသည်။

ပြည်သူအတွက်ရည်ရွက်ချက်
******************************
ယခု ၁-၄-၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ်ရှိ လစ်လပ်ပြည်သူ့ လွှတ်တော်နေရာတွင် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အနေဖြင့် ပြန်လည်အရွေးချယ်ခံမည် ဖြစ်ပါသည်။
လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခြင်းသည် မိမိအနိုင်ရလျှင် မိမိဒေသ အတွက် ဖွံ့ဖြိုးရေးမှအစ အလုပ်သမား၊ လယ်သမားများ၏ အရေးအရာ အဆုံး အားသွန်ခွန်စိုက် ကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ပါသည်။

***အမှန်တကယ်ပြောင်းလဲဖို့ ပြည်ခိုင်ဖြိုးကိုမဲပေးစို့။***